အပိုင်း(၃၉)

2.3K 138 0
                                    

Unicode

ခြောက်နှစ်..အင်း..တိတိကျကျပြောရရင် မနက်ဖြန်ဆို ခြောက်နှစ်နဲ့သုံးလတင်းတင်းပြည့်ပြီ။ ကျောင်းတက်ရုံပဲ ဆိုတဲ့လူက အနားမှာမရှိတော့တာ ဒီလောက်တောင်ကြာသွားပြီတဲ့လား။ ထွက်သွားခါစကတည်းက နှစ်လကျော်လောက်ပဲ အဆက်အသွယ်လုပ်ပြီး ရက်ရက်စက်စက်ပစ်ထားရက်တာ။
ဘယ်လိုဆက်သွယ်ရမှန်းမသိတော့လောက်အောင်ကိုပဲ သူ့ဘက်က ခြေရာမကျန်အောင်အစဖျောက်နေနိုင်ခဲ့တာ။

နှင်းလဲ့တို့နှင့် မတော်တဆတွေ့တုန်းကသာ သူနှင့်အတူ နိုင်းရတုမေပါ ပါသွားမှန်းသိခဲ့ရပြီး သူတို့ပြောမပြရင် အခုထိတယောက်တည်းသွားတယ်လို့ပဲ သိထားတဲ့လူ။
မသိစေချင်လို့ လျှို့ဝှက်ထားတာလား၊ တမင်ပဲ အစတည်းက စီစဥ်ထားတာလားဆိုတာလည်း မစဥ်းစားချင်တော့ပါ။
သည်လိုလူကိုမေ့ဖို့ကြိုးစားချင်သော်လည်း သူနဲ့ပတ်သက်သမျှတွေကို အခုထိမေ့ဖို့မဆိုထားနှင့်..
တိုက်ဆိုင်မှုတွေရှိမလာရင်တောင် အဲ့လူကိုပဲအမြဲတောင့်တနေမိတာ။

ထားခဲ့မှန်းသိသိရက်နဲ့တောင် ပြန်လာမလား ဆိုတဲ့အတွေးနဲ့ နေ့တိုင်းမျှော်ခဲ့ရတာတွေ..ဒဏ်ရာကကြာပြီဆိုပေမယ့် တခါတရံ ညလုံးပေါက်ထိုင်ငိုခဲ့ရတဲ့အချိန်တွေ..
တခြားတယောက်ကို ရွေးသွားပြီလား ဆိုတဲ့အတွေးတွေ ဝင်လာတိုင်း သတ်သေချင်လောက်အောင် စိတ်ထိခိုက်ရတာတွေ..တစက်လေးမှတောင် ကိုယ့်ကိုအဖတ်မလုပ်တော့တဲ့သူကိုမှ ချစ်နေမိတဲ့ဝဋ်ကြွေးတွေချည်း..။
ဒီညလည်း ဒီအတွေးတွေနဲ့ပဲ နောက်ထပ်တညကုန်ဆုံးရဦးမယ်။ ကမ္ဘာဟာပုံမှန်လည်နေပေမယ့် ရှင်သန်နေရတဲ့ အကြောင်းပြချက်ကို ရှာလို့တောင်မရတော့သလို..။

"နှင်းလဲ့မင်္ဂလာဆောင်ကိုတော့ နင်ပါလိုက်မှ
ရမယ်ထင်တယ်။ ငါတို့မဆုံတာလည်းကြာပေါ့ကို..
ဒီတခေါက်တော့ ပြန်လိုက်မယ်မလား"

"အင်း..ငါလည်းပြန်ချင်ပါတယ်။ ဒါပေမဲ့ဒီပရောဂျက်က အရေးကြီးနေတာ..ဒီဒေးကလည်းနီးနေပြီဟ။ ငါမှီမှာမဟုတ်လောက်ဘူး"

"နင့်ပြောလိုက်ရင် ဒါချည်းပဲ။ အရေးမကြီးတဲ့ဟာကော ရှိသေးလား။ တခုတလေလေးဖျက်တာပဲ..
ဘာမှဖြစ်မသွားပါဘူးဟာ။ ခွင့်ယူပြီးလိုက်ခဲ့လို့ရသားနဲ့.."

NephophileWhere stories live. Discover now