အပိုင်း(၃)

3.9K 227 0
                                    

Unicode

အခန်းကိစ္စမှာ ခူးတို့အခန်းတွင်နေရာရ၍အဆင်ပြေသွားတော့သည်။
ဖေဖေတို့က လိုအပ်သည့်ပစ္စည်းများ အခန်းတွင်းသို့ပို့ပေးပြီး ပြန်သွားကြသည်။
၃ချိန်ဆက်တိုက်စာသင်အပြီးဖြစ်သည့်အပြင် ပစ္စည်းကူရွှေ့ပေးခဲ့ရသောကြောင့် လူကသိပ်မလန်းချင်တော့။
ရေချိုးရမည့်နေရာနှင့် တခြားနေရာများအကြောင်းကို ဆရာမကြီးက စောနကပြောပြပေးသွားသဖြင့် ရေချိုးရန်ထွက်လာခဲ့တော့၏။

"ဟဲ့ ဟဲ့ ရှင်းကချောတယ်နော်..အရပ်ကလဲမိုးထိုးနေတဲ့ နွေမထက်တောင်ပိုမြင့်မလားပဲ။ မျက်နှာထားလေးတစ်ခုပဲ ဖျက်နေတာဟေ့၊ သူ့လုပ်စာကိုင်စာ တလောကလုံးထိုင်စားနေရတဲ့ရုပ်"

အိမ်ချစ် စကားသည်မှားနေသည်တော့မဟုတ်ပါ။ နွေဦးကိုယ်တိုင်ပင် သူ့ကိုမြင်လိုက်ရတုန်းကထိုသို့တွေးမိသွားသည်။ တာရာ့စကားများထဲကသာ ရှင်းအကြောင်းကြားဖူးထားသော်လည်း အလယ်တန်းတုန်းကအခန်းချင်းမတူခဲ့သောကြောင့် လူကိုမမြင်ဖူးခဲ့ပါ။

ပုခုံးအောက်ထိ ဆံပင်များကဖြောင့်စင်းနေသည်မျိုးမဟုတ်။
အောက်ပိုင်းနားမှကောက်သွားသလိုမျိုးပင်။ ​အသားအရေမှာပင် အိမ်ချစ်ကဲ့သို့ ရှမ်းသွေးရောထားသောကြောင့် ဖြူလွန်းနေခြင်းမဟုတ်သော်ငြား အတော်အသင့်ဖြူသည့်အနေအထားမှာရှိသည်။
မျက်နှာသွယ်၍ မျက်လုံးမှေးမှေးလေးဖြစ်သည်။

အထူးခြားဆုံးမှာ ကကြီးပုံစံနှုတ်ခမ်းပါးပါးလေးများသည် နှုတ်ခမ်းဆိုးဆေးမလိုအောင်ပင် ရဲရဲလေးဖြစ်လျက် ဘယ်ဘက်ထောင့်နားတွင်မှဲ့အသေးလေးတစ်လုံးရှိနေခြင်းဖြစ်သည်။ ပြုံးရယ်လိုက်လျှင် ပို၍ ချစ်စဖွယ်ကောင်းမည်မှာအသေအချာပင်။ နဂိုတည်းက ဒီလိုရုပ်တည်နေတတ်တဲ့သူ ဖြစ်ပုံပေါ်မည်။

"ရှင်းကနင်ပြောသလောက်ထိတော့ မဟုတ်ပါဘူးဟယ်။ သူကအရင်တည်းက မသိတဲ့သူတွေနဲ့ဆို အဲ့လိုပဲနေတတ်လို့ကို။ ပြီးတော့ နင်တို့နဲ့လည်းမခင်သေးလို့ပါ။ သူပေါင်းတဲ့သူတွေနဲ့သာဆို အမြဲရယ်နေတာပါနော်"

တာရာက အိမ်ချစ်စကားကို မျက်ခုံးလေးပင့်လျက် ပြန်ပြောလိုက်သည်။
ထိုချိန် တံခါးပေါက်ပွင့်လာ၍ ဟိုတယောက်ပြန်ဝင်လာသည်မှန်း သိလိုက်သည်။
ရေချိုးပြီးခါစမျက်နှာမှာ ရေစက်များတွဲခိုလျက် ပိုကြည်လင်နေသယောင်။ ထဘီရင်လျားနှင့်ဖြစ်ရာ အပေါ်မှအုပ်မိုးထားသည့်တဘက်နဲ့ ထဘီကြား လစ်လပ်ရာနေရာလေးမှာ ဖွေးဖွေးဥဥ အထင်းသား။

NephophileWhere stories live. Discover now