အပိုင်း(၂၉)

2.4K 142 0
                                    

Unicode

"သွင်..ဘယ်ကဘယ်လို.."

"နောက်မှ..နောက်မှ..ဟိုမှာဖယောင်းစက်တွေကျတော့မယ်။
ကဲ ကဲ စဆိုလိုက်ရအောင်"

သွင်ကဦးဆောင်၍bd songဆိုပြီး ကလေးများကလည်း နောက်ကလိုက်ဆိုကြသည်။ ငယ့်စိတ်ထဲ အခုထိသွင်ရောက်လာတာကို မယုံနိုင်သေးပေ။ မနက်ကတင် ကျောင်းမှာရှိနေသေးတာကို။

"မီးမှုတ်ဖို့မေ့နေတာလား မွေးနေ့ရှင်.."

သွင်ကကိတ်ကိုရှေ့တိုးပြီး ဆိုမှ ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်သည်။ ပြီးနောက် တစ်ယောက်စီလိုက်ခွံ့လိုက်ပြီး ကလေးများကို ပန်းကန်များနှင့် အုပ်စုသက်သက်စီ ခွဲပေးလိုက်သည်။ သွင်ကထိုအချိန်ထိ ဘေးကနေကူပေးနေ၏။ အားလုံးပြီးတဲ့အခါမှ သွင်ကပန်းစည်းကိုထုတ်၍ ပေးသည်။

"မွေးနေ့မှာကော နေ့ရက်တိုင်းမှာပါ ပျော်ရွှင်ပါစေနော်ငယ်။
တရက်လုံးအတူရှိပေးချင်ပေမယ့် အခုမှရောက်လာရတဲ့အတွက်လည်း တောင်းပန်ပါတယ်။
ငယ့်ဖို့မွေးနေ့လက်ဆောင်က သက်သက်ရှိသေးတယ်နော်။
ဒါတွေက မွေးနေ့မှာလိုအပ်တာတွေသက်သက်ပဲ..
လက်ဆောင်မဟုတ်ဘူး"

ဘေးမှာမေမေတို့ရှိနေသောကြောင့် သွင့်ကိုပြေးဖက်ချင်စိတ်ကို မနည်းထိန်းထားရသည်။ အံ့သြစိတ်နှင့် ပျော်ရွှင်စိတ်ရောထွေးနေသောကြောင့် ဘာစကားမျှလည်းထွက်မလာချေ။ သွင်ကတော့ ခြံထဲက သူ့ဆိုင်ကယ်နားသွား၍ တစုံတခုကိုယူလာနေသည်။

"ငယ့်ဖို့ မွေးနေ့လက်ဆောင်..သွင်စီးပေးမယ်နော်"

ကတ်ထူပုံးထဲကထုတ်လိုက်သည်မှာ အညိုရောင် ကြိုးသိုင်းဖိနပ်တစ်ရံ။ ကြိုးတွေနှင့် ရှုပ်ရှပ်ခတ်နေတာမျိုး မဟုတ်ပဲ နှစ်ကြိုးသုံးကြိုးလောက်သာပါပြီး ရိုးရိုးရှင်းရှင်းလေနှင့် ကြည့်ကောင်းနေသည်။
ဖိနပ်ကိုသာကြည့်မိနေ၍ သွင်ကငယ့်ခြေထောက်ကို ကိုင်လိုက်မှသာ အသိစိတ်ပြန်ဝင်လာသည်။

"ငယ့်ဘာဘာစီးမယ် သွင်..ခြေထောက်ကြီးကို.."

"ဘာမှမဖြစ်ပါဘူးငယ်ရဲ့..သွင်က တော်မတော်လည်း သိချင်သေးလို့..သွင်ပဲစီးပေးမယ်နော်"
ငယ့်ခြေထောက်ကို တဖန်ပြန်ယူ၍ သွင်ကအောက်သို့ထိုင်ချလိုက်ကာ သူ့ပေါင်ပေါ်တင်စေသည်။
ပြီးမှ ဖိနပ်ကကြိုးများကို စနစ်တကျလျှိုသွင်းလိုက်ပြီး သေချာကြည့်နေသည်။

NephophileDonde viven las historias. Descúbrelo ahora