အပိုင်း(၁၄)

3K 170 0
                                    

Unicode

တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တာကြောင့် ဆရာမကြီးက တစ်ကျောင်းလုံးကို မယ်ဇလီဖူးသုပ်ကျွေးမည် ပြောသည်။ အဆောင်နေကျောင်းသူတစ်ချို့က ဒေါ်ဌေးကို ကူလုပ်ပေး၍ ထိုနားတွင်စကားကောင်းနေကြသည်။ သွင်ကတော့ အရင်ကတည်းက အိမ်မှာမေမေသုပ်လျှင်တောင် ခါးလွန်းလို့ဆိုပြီး မကြိုက်လို့မစားပေ။ ဒီနေ့လည်း စားဖြစ်မှာမဟုတ်သည်ကိုသိနေသည်။

ဒီနေ့ညစာကြည့်ချိန်တွင် ဒေါ်ဌေးနှင့်အတူပါလာသည်မှာ မုန့်များမဟုတ်ပဲ မယ်ဇလီဖူးသုပ်များထည့်ထားသော စတီးဗန်းများနှင့် တစ်ယောက်စာပန်းကန်များသာ ဖြစ်သည်။
ခူးကအောက်ဆင်းပြီး သွားယူရန်ခေါ်သော်လည်း မကြိုက်ကြောင်းပြောပြီး စာပဲဆက်လုပ်နေလိုက်သည်။

"သွင် ခဏလိုက်ခဲ့..ဒီမှာပန်းကန်ယူလာပြီ"
ငယ်ကအခန်းထဲသို့ ဝင်၍လာခေါ်သည်။ ပုံမှန်ဆို ငယ်ကဒီအခန်းထဲ ဝင်လေ့ရှိတာမဟုတ်၊ အရေးကြီးမှသာ ဝင်လာတတ်သည်။ ငယ်က ကော်ရစ်ဒါနားထိခေါ်လာပြီး ပန်းကန်ကိုလှမ်းပေးသည်။

"ဒါကြီးကခါးတယ် ငယ်ရ၊ သွင်မကြိုက်ပါဘူး"
ပန်းကန်ပြားကို လှမ်းယူလိုက်ပေမဲ့ ကိုယ်စားဖို့ထက် ငယ့်ကိုခွံ့ကျွေးဖို့သာဖြစ်သည်။

"ဒီညမှာတော့ စားသင့်တယ် သွင်၊ အကုန်မဟုတ်တောင် တစ်ဇွန်းနှစ်ဇွန်းပဲစား...ပြီးတော့ စားနေတဲ့အချိန်မှာ လပြည့်နေတာကို ကြည့်ရင်းစားရင် ပိုကောင်းတယ်တဲ့..
နည်းနည်းပဲလေနော် သွင်...စားမယ်မလား"

"တစ်ဇွန်းပဲနော်..."

"အင်းအင်း၊ ရှေ့ကြည့်စား.."

ငယ်ပြောသည့်အတိုင်း ထိန်ထိန်သာနေသည့် လကိုကြည့်၍ တစ်ဇွန်းစားလိုက်သည်။ ဒီကောင်မလေး စိတ်မကောင်းဖြစ်မှာစိုးလို့သာ စားလိုက်ရတာ..အသုပ်ခါးချက်ကတော့ လက်လန်တယ်။
ငယ်နဲ့ကျမှပဲ လကိုကြည့်ရင်းစားရင် ပိုအစွမ်းထက်မှန်း သိတော့တယ်..အရင်ကတစ်ခါမျှ မကြားဖူးပေ။

"မြင်လား..စားလိုက်တော့လည်း ပြီးသွားတာပဲကို၊ သွင်ကိုက ဂျေးများတာ"

"တစ်နှစ်မှစားတာမဟုတ်ဘူးနော်..ဒါတောင် ငယ်ကျွေးလို့"
ပြောရင်းပန်းကန်ကို ငယ့်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
အောက်ဆင်းစားနေတဲ့သူကများတာကြောင့်လည်းကောင်း၊ တစ်ချို့ကအခန်းထဲမှာကြောင့်လည်းကောင်း ဒီနားမှာ လူသိပ်မရှိပါ။ ငယ်ကပန်းကန်ကိုယူပြီး အောက်ဆင်းတော့မည်ပြုသည်။

NephophileМесто, где живут истории. Откройте их для себя