အပိုင်း(၁၈)

2.4K 164 0
                                    

Unicode

အင်္ဂလိပ်စာကတော့ ဖြေသူကို နည်းနည်းခက်ခဲစေမည့်
မေးခွန်းမျိုးဖြစ်သည်။ တစ်ချို့ကတော့ ဒီနှစ်မေးခွန်းသတ်သည့် ဘာသာဟု ဆိုကြသည်။ Unseen ပိုင်းနှင့် essay ပိုင်းမှာ ကိုယ်နှင့်စိမ်းသည့် ဝေါဟာရတွေ ပါလာခြင်းပင်။ ဘာသာပြန်ဖို့ပင် ဘာမှန်းမသိတော့ ပိုဆိုးသည်။ ​သတ်မှတ်ထားတဲ့ အချိန်တစ်ဝက်ရောက်လျှင် အပြင်သို့ထွက်လို့ရပြီဖြစ်၍ ဒီနေ့တော့ ငယ်နှင့်အတူတူ ထွက်လို့ရပြီဆိုတာနဲ့ တမ်းထွက်လိုက်သည်။

"ငယ်ရေ..ဘာတွေလဲ"
အခန်းပြင်ရောက်လာသည့်ငယ့်ကို လက်မောင်းကနေ ချိတ်တွယ်လျက် ရယ်မောပြီးမေးလိုက်သည်။

"လာပြောင်မနေနဲ့..ငိုချင်နေပြီတကယ်"

"အောင်မှတ်ဖိုးတော့ အသာလေးပါ ငယ်ရ။ ဘာမှစိတ်ပူမနေနဲ့..အောင်ကိုအောင်မှာ"

ငယ်ကသွင့်အပြောကို မျက်စောင်းထိုးကာ ပွစိပွစိနဲ့ ဆက်ပြောနေသည်။ ​​အင်္ဂလိပ်စာအကြောင်းပြောရင်းကနေ မနေ့က ဆေးခန်းသွားဖို့ငြင်းနေသည့်ဘက်ကို ဘယ်လိုရောက်သွားတယ်မသိလိုက်။ မေမေတို့ကို စိတ်ပူအောင်လုပ်တာတွေကော၊ တမ်းသွားလိုက်တာမဟုတ်ပဲ ခေါင်းမာပြီးဘာလို့ငြင်းတာလဲတွေကော စသဖြင့်
မြှားဦးက သွင့်ဘက်သို့လှည့်လာသည်။ ကိုယ့်ကိုဆူပူနေသော ငယ့်မျက်နှာလေးကို ဘေးကနေကြည့်ရင်းသာ ပြုံးနေမိပြီး အဆောင်ဘက်ရောက်လာတာတောင်မသိလိုက်ပါ။

အပြင်ရောက်တော့ ငယ်လည်း သူ့မိဘတွေနဲ့ စကားပြောနေသလို သွင်လည်း ဖေဖေတို့မေးသမျှကို ဖြေနေရသည်။

"ဒီနေ့ မေးခွန်းသတ်တယ်ဆို သမီးရှင်း..​ဘယ်လိုနေလဲ"

"အသာလေးပါ ဖေဖေရာ..အိပ်ဖြေတောင်ရတယ်။အဲ...
ခြင်ထောင်တော့ထောင်ရတာပေါ့လေ..ခြင်နည်းနည်းရှိတယ်"

ဖေဖေကတော့ ရယ်မောလျက် ကျန်တာတွေဆက်မေးနေသည်။ သင်္ချာဖြေသည့်နေ့မှာလည်း ထူးထူးခြားခြားမရှိပါ။ ပုံမှန်မေးခွန်းလိုသာဖြစ်သည်။ သုံးဘာသာဖြေအပြီးတွင် စနေ၊တနင်္ဂနွေ ဖြစ်၍ ပိတ်ရက် နှစ်ရက်စာ အချိန်ရသည်။ ပြီးမှသာ ကျန်သုံးဘာသာ ဆက်ဖြေရမည်ဖြစ်သည်။

NephophileOù les histoires vivent. Découvrez maintenant