အပိုင်း(၂၇)

2.5K 146 0
                                    

Unicode

အဆောင်ကိုကျောင်းဆောင်မဟုတ်ပဲ အန်တီနုနှင့်ရင်းနှီးသည့်
အဒေါ်ကြီးတစ်ယောက်ရဲ့အဆောင်မှာ နေဖြစ်သည်။
သုံးယောက်အခန်းလည်း အလွတ်ရှိသဖြင့် အတူနေလို့ရသွားသည်။ ကျောင်းကိစ္စတွေအကုန် ကျောင်းအပ်တုန်းကလုပ်ထားပြီးဖြစ်သဖြင့် သွားရခါနီးမှသာ အဆင့်သင့်သွားရုံပင်။

"အာ...ငါတို့တောင်ဘာလိုလိုနဲ့ တက္ကသိုလ်ကျောင်းသူတွေ ဖြစ်နေပြီပဲ"
နှင်းလဲ့ကအခန်းထဲကသူ့ခုတင်ပေါ်မှာ ပက်လက်လှဲလိုက်ရင်း ဆိုသည်။

"ကိုကိုနဲ့ကမေဂျာမတူပေမဲ့ ကျောင်းတူနေလို့တော်သေးတာပေါ့..ဟဲဟဲ"

"ရည်းစားနဲ့အတူတူ ကျောင်းတက်ရလို့ပျော်တဲ့သူနဲ့
မြို့မှာကျန်ခဲ့တဲ့ရည်းစားကို လွမ်းနာကျပြီးမှိုင်နေတဲ့သူနဲ့ကြားမှာ ငါကယောင်တောင်တောင်လေးပေါ့"

"သွားမစနဲ့ဦး..ဟိုကငိုချင်နေတဲ့ရုပ်ကြီးနဲ့"

ယွန်းလဲ့တို့နှစ်ယောက်က သွင့်ကိုစနေကြမှန်းသိပေမဲ့
သူတို့ပြောတာလည်း အမှန်တွေဆိုတော့ ပြိုင်မပြောချင်တော့။ ပထမတစ်ရက်ပဲရှိသေးတာတောင် ငယ့်ကိုတော်တော်ကြီးသတိရနေတာပင်။

"ဟဲ့..နောက်တစ်ချိန်လစ်မယ်နော်။ ကိုကိုကကန်တင်းကစောင့်နေမယ်တဲ့"
ရှေ့ကဆရာမရှိနေတာကြောင့် နှင်းလဲ့က တိုးတိုးတိုးတိုးနှင့် လာပြောသည်။

"နင့်ဘာနင်လစ်ပါလား။ ငါနဲ့ရှင်းက နေခဲ့မှာ"

"အကျင့်ပုတ်ချက်ကတော့..ငါ့အစ်မလို့မပြောရဘူး။
သူမလိုက်လည်း ရှင်းလိုက်ခဲ့နော်..သူ့တစ်ယောက်တည်းထားခဲ့"

"ခဏခဏတော့လစ်မရဘူးနော် နှင်းလဲ့..
ဒီတပတ်ထဲတင် တော်တော်များနေပြီ"

"အေးပါ ရှင်းရယ်..ငါကိုကို့ကိုပြောထားလိုက်ပါမယ်။
ဒီနေ့တော့လိုက်ခဲ့နော် သူငယ်ချင်းလေး"

နှင်းလဲ့ကောင်းမှုကြောင့် သုံးယောက်လုံးနောက်အတန်းချိန် လွတ်ရပြန်သည်။ သူတို့အတွဲပဲ တွေ့တွေ့နိုင်လွန်း..ကျောင်းမှာလည်းတွေ့၊ အဆောင်ရောက်လည်း ထပ်လာတွေ့နှင့်ပင်။

NephophileWhere stories live. Discover now