အပိုင်း(၄၈)

3K 157 0
                                    

Unicode

"သွင်ဘာဖြစ်နေတာလဲ။ တနေကုန်စကားအကောင်းကို မပြောဘူး။ ဒီနေ့မှစတွေရတဲ့ဟာ..
ဘာတွေအလိုမကျနေတာလဲ"
ကားကိုပန်းခြံရဲ့တနေရာမှာ ထားခဲ့ပြီး လူရှင်းတဲ့ဘက်ကိုရွေးလာတာမှန်သွားသည်။

"မနေ့ကတနေကုန် ဟိုလူနဲ့ရှိနေတာကို ကိုယ့်ကိုပြောတော့ အလုပ်မှာဆို"

"ဘယ်လူလဲ.."

"မသိချင်ယောင်ဆောင်မနေနဲ့။ မင်းတို့နှစ်ယောက် အတူထွက်သွားတာလို့ ပြောနေကြတာပဲ"

"ကိုစစ်နိုင်နဲ့ကို ပြောနေတာလား။ သိပြီ သိပြီ။ အဲ့တာကြောင့် အခုလိုဖြစ်နေတာပေါ့။ သေချာမသိပဲနဲ့ စိတ်ကကောက်ချင်တာလည်းလွန်ရော"

ကိုယ်ကစနေသော်လည်း ပြုံးပင်မလာသောသူကြောင့် စရတာတောင် အရှိန်ပျက်သည်။

"ငယ်ပြောမယ်..သူ့ညီမဖူးဖူးဆိုတဲ့ တယောက်လေ။
သွင်ကမှတ်မိတော့မှာတော့မဟုတ်ဘူး။ သူကငယ်တို့နဲ့ရွယ်တူ..မနေ့က သူ့မွေးနေ့ရှိလို့ ဘိုးဘွားရိပ်သာမှာ အလှူလုပ်တာ..အဲ့တာငယ်နဲ့ကလည်း ရင်းနှီးနေတော့ သွားကူပေးနေရလို့ပါ။ သူတို့ကလည်း ကြိုပြောထားတာမျိုးမဟုတ်တော့ ရုံးကနေပဲ သွားလိုက်ရသလို ဖြစ်သွားတာ သွင်။ ငယ်တနေကုန် အဲ့ဒီမှာပဲရှိနေတာကို သွင်မယုံရင် ကိုစစ်နိုင်ကိုမေးကြည့်လို့ ရတယ်"

"မမေးပါဘူး..မေးစရာလည်းမလိုဘူး။ ကိုယ့်ကိုတောင် မပြောပဲ မင်းစိတ်ကြိုက်လုပ်သွားတာပဲ"

"ငယ်တောင်ဟိုရောက်မှသိရလို့ပါသွင်ရယ်။
ညမှပြောဖို့ လုပ်ထားပေမယ့် သွင့်ဖုန်းကခေါ်မှမရတော့တာ။
သွင့်ကိုမပြောမိတာအတွက် ငယ်မှားသွားပါတယ်။
နောက်မဖြစ်စေရဘူးလေ..နော်"

"ခဏခဏအဲ့လူနဲ့ တွဲသွားတွဲလာလုပ်နေတာလား။
ဘာမှမဟုတ်တာကို ကိုယ်တိုင်ပဲသိပေမယ့် ရုံးကလူတွေကျ ဘယ်လိုထင်မလဲ"

"ဘယ်လိုမှမထင်ဘူး..သွင်ပဲမဟုတ်တာတွေ ထင်နေတာ။
ငယ်နဲ့သူနဲ့ ဘာမှမပတ်သက်တာတရုံးလုံးသိတယ်"

"ဘာမှမပတ်သက်လည်း မပတ်သက်သလိုပဲနေလေ..
ဟိုကောင် မင်းကို ကြည့်တဲ့အကြည့်တွေကို ကိုယ်သိတယ်။
မင်းအခုလုပ်နေတာတွေက သူ့ကိုမျှော်လင့်ချက်ပေးနေသလိုပဲ။ သူတနေ့မှာ မင်းကိုဖွင့်ပြောလာနိုင်တာကိုလည်း သိနေတာပဲကို"

NephophileWaar verhalen tot leven komen. Ontdek het nu