အပိုင်း(၄၄)

2.6K 133 0
                                    

Unicode

"နေ့လည်လာမကြိုနဲ့တော့နော်..ရုံးကအစ်မတယောက်က နယ်ပြောင်းကျလာလို့ အဲ့တာအကုန်လုံးကို ဆိုင်တဆိုင်မှာ လိုက်ကျွေးမှာ"

"အင်း..သွားဖို့ကောအဆင်ပြေလို့လား။ လူတွေအများကြီး ဘာနဲ့သွားမှာလဲ"

"ကားနှစ်စီးနဲ့ဆို ရလောက်ပါတယ်။ မလိုက်ဖြစ်တဲ့ သူတွေလည်းရှိတယ်"

"မှန်ချခိုင်းဦးနော်..အားနာပြီး မပြောပဲမထားနဲ့။
ပြီးတော့ ကားမလောက်ရင် သွင့်ကိုဖုန်းဆက်ခေါ်..ကြားလား"

"ဟုတ်..."
'ဟုတ်'တွေဘာတွေပြောလာလို့ ထူးဆန်းပြီး ကားမောင်းရင်းကနေ ဘေးလှည့်ကြည့်တော့ ပြုံးပြနေသည်။

"ဘာတွေပျော်နေတာလဲ.."

"ဟီး..သွင်နဲ့အခုလေးနေရတာကို သဘောကျလို့။
အများကြီးချစ်တယ်နော်.."

စကားပြောရင်းနှင့် ကားစီယာတိုင်ကို ကိုင်ထားတဲ့ လက်မောင်းတဖက်ကို သူ့လက်များနှင့် ချိတ်တွယ်လာပြီး ပခုံးပေါ် မှီလာသည်။ မပြောမဖြစ်ကိစ္စတခုကို ပြောမှရမည်ဆိုသော်လည်း ဒီအချိန်မှာတော့ မပြောချင်သေးပါ။ ညနေသူပြန်လာမှပဲ ပြောဖို့ထားလိုက်တော့သည်။

ငယ့်အိမ်ကိုငါးနာရီလောက်ကတည်းက ရောက်နေသော်လည်း ယခုခြောက်နာရီထိုးပြီးသည်ထိ ငယ်ကပြန်မလာသေးပါ။
ဖုန်းဆက်တော့လည်း လမ်းမှာဟုပဲပြောပြီး အခုထိပေါ်မလာသေး။

ရုတ်တရက်အိမ်ရှေ့တွင် ကားတစီးရပ်သွားတာကြောင့် ငယ်ပြန်လာတာမှန်းတော့ သိလိုက်ပါသည်။ ငယ်နှင့်အတူ ယောကျ်ားတစ်ယောက်ပါ ကားပေါ်ကဆင်းလာကြပြီး အိမ်ထဲကကိုယ့်ကိုတော့ မြင်ပုံမရ။

"အန်တီ..နေကောင်းတယ်နော်"
ထိုအမျိုးသားက သွင်နဲ့မျက်နှာချင်းဆိုင်က ငယ့်မေမေကို မတ်တပ်ရပ်လျက်ကနေ စကားလှမ်းပြောသည်။
ငယ်ကတော့သွင့်ကိုမြင်၍ အံ့သြသွားသည်ထင်၏။

"ကောင်းပါတယ်..အခုတလော မောင်စစ်နိုင်ကိုတောင် မတွေ့ရတာကြာပြီ"

"ဟုတ်တယ်အန်တီ။ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတာတွေများနေလို့ ဒီဘက်မလာဖြစ်နေတာပါ"

NephophileWhere stories live. Discover now