"အို့, လူမှားပြီး ရိုက်လိုက်မိတယ် ၁"
အဆုံးမှာတော့ ထန်းရှောင်နဲ့ မူချောင်တို့ စုံတွဲတွေဖြစ်သွားတာကို အဖွဲ့မှူးနင် သိလိုက်ရတယ်။
ထန်းရှောင်ရဲ့ မန်နေဂျာလည်းဖြစ်၊ သူဌေးလည်းဖြစ်တဲ့အပြင် မူချောင်ရဲ့ အရင်သူဌေးဟောင်း၊ ခပ်ထုံထုံခွေးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ အဖွဲ့မှူးနင်က သူအလွန်ပျော်ရွှင်မနေကြောင်း ဖော်ပြလာတယ်။
သူစကားပြောတဲ့အချိန်တိုင်း ဆူးတွေပစ်လွှတ်နေသလိုမျိုးပဲ။
ဘယ်သူမှ ထန်းရှောင်ရဲ့ဧည့်ခန်းထဲ မထိုင်ချင်ကြတာကြောင့် သူတို့ရဲ့ကိုယ်ရေးကိုယ်တာ အသုံးပြုမှုတွေကို ယာယီအနေနဲ့ မူချောင့်ရဲ့အိမ်ထဲဆီ ပြောင်းလိုက်ကြတယ်။
အဖွဲ့မှူးနင်က မနက်အစောကြီးရောက်လာတယ်။
ဆိုဖာအလယ်မှာ ထိုင်နေရင်း သူ့မျက်နှာအမူအရာက ဆိုးဆိုးရွားရွားပင်။
မူချောင့်ကို သူ့အခန်းထဲပဲ နေဖို့ အမိန့်ပေးလိုက်ပြီးနောက်မှာ အဖွဲ့မှူးနင်က ဆိုဖာပေါ်မှာ ထိုင်နေရင်း သူ့ဘေးမှာက ရှောင်လင်။ ထန်းရှောင်ကတော့ တခြားဆိုဖာခုံတစ်ခုပေါ်မှာ။
လေထုက အနည်းငယ် ထူးဆန်းနေတယ်။
"ရှောင်လင်နဲ့ ငါ အရင်ဆုံးစေ့စပ်ထားကြဖို့ ဆုံးဖြတ်လိုက်တယ်"
ထန်းရှောင်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး လျင်မြန်စွာပဲ ရှောင်လင့်ကို လှမ်းကြည့်လိုက်တယ်။
ရှောင်လင်က ခေါင်းညိတ့်ပြလိုက်တယ်။
"ဒီတော့ ရှင်က ကျွန်မရဲ့လက်ထောက်နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်ပြီး အခုချက်ချင်း အဲဒါတွေလုပ်ဖို့ ဒီရောက်လာတာလား?"
"ဒါ ပထမဆုံးခြေလှမ်းပဲရှိသေးတယ်။ နောက်ကျ အိမ်ကလူကြီးတွေနဲ့ သင့်တော်တဲ့ ရက်တစ်ရက်ရက်ကို ရွေးမှာ"
"မင်းမှာ ငါ့ကို ပြောစရာတစ်ခုခုများရှိသေးလား? အဖွဲ့မှူးနင်မေးလိုက်တယ်။
ထန်းရှောင် သူ့ကို ဗလာသက်သက်ကြည့်လိုက်ပြီး ခေါင်းယမ်းပြလိုက်တယ်။
YOU ARE READING
အရှင်မင်းကြီး ကောင်းကင်ဘုံကို မကြွသေးဘူးလား
HumorUnicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင်ကြီးဖြစ်လာဖို့။ ဒုတိယတစ်ခုကတော့စုမူကျိကို အနိုင်ကျင့်တဲ့ရန်သူမှန်သမျှကို ဆော်ပလော်တီးလွှတ်ဖို့။ Female Player: "မိန်းမရေ ...ယောက်ျားတော့ ...