Chapter 19

481 100 5
                                    

"သူ့ကို မင်းနှလုံးသားထဲ
ဝင်ခွင့်ပြုလိုက်"

ဒီရက်ပိုင်းတွေ အတွင်းမှာ
သူမရဲ့ ခပ်ထုံထုံခွေးလေး
စုမူကျိက ခွေးစာ အပြင်
တခြားဟာတွေ ကိုပါ အစားကြီးလာတယ်။
ထန်းရှောင် ညစာစားရင်း
TVငမ်းပြီး ဘာမှ သတိမထားမိ
လိုက်တဲ့ အချိန်ဆို
ထိုခပ်ထုံထုံ Huskyခွေးက
ခုန်ဆွခုန်ဆွ လုပ်ပြီး
စားပွဲပေါ်က တစ်ခုခုကို
ဆွဲချသွား​တော့တာပဲ။

ထိုမြင်ကွင်းကို မြင်ရပြီဆို
ထန်းရှောင်ရဲ့ နှလုံးသားက
အဆမတန် နာကျင်လာတယ်။

ခွေးသားဟော့ပေါ့
လုပ်စားပစ်လိုက်တာကမှ
ခပ်​​ကောင်း​ကောင်း။

အဲလိုဆိုပေမဲ့ သူ့ကြည့်ရတာ
အပေါ်အမွှေးတွေ ကသာ
အတော်ဖွှာနေတာ​,​အောက်မှာ
​တော့ အသားများများရှိတဲ့
ပုံမပေါ်ဘူး။

ဒါပေမဲ့လည်း သူမသာ သူ့ကို
ချက်မစားပစ်ရင် ထိုကျေးဇူးရှင်
က သူမကို ဆက်တိုက် စိတ်အနှောင့်အယှက်
​ပေးနေအုံးမှာပဲ။

သူမမှာ ဂိမ်းမ​ဆော့ခင်​ထိ ​ခွေးသား
​ဟော့​ပေါ့လုပ်​စား​ရေး၊ မစား​ရေး
လွန်​ဆွဲ လိုက်​ရ​​သေးတယ်​။

မနေ့ကရဲ့ အရင်တစ်နေ့က
ကြာသပတေးနေ့ ဖြစ်တာကြောင့် Spirit Roadက Event အသစ်တစ်ခုကို Update လုပ်လိမ့်မယ်။

ထန်းရှောင် sign inလုပ်ပြီး
ဂိမ်းထဲဝင်လိုက်တဲ့ အချိန်မှာ ထိုEventကို ​သေချာတောင်
မကြည့်ဘဲ သာမန်ကာလျှံကာ​
​ဖြတ်သွားလိုက်တယ်။

လတ်တလောမှာ​တော့
Ranzhi Clanက
အမြီးကိုးချောင်း ​မြေခွေးနဲ့
တော်တော် တိုင်ပတ်​နေကြတယ်။ ဒါပေမဲ့လည်း စုမူကျိနဲ့
ခွဲခွာခြင်းတေးသံတို့က
အလုပ်များနေကြ တာ​ကြောင့်
သူတို့မှာ အုပ်စုလိုက်
မလှုပ်ရှားနိုင်ကြ​​သေးပေ။

ထို့ကြောင့် ​နေ့တိုင်းလိုလို
သူတို့မှာ အမြီးကိုးချောင်း​
​မြေခွေးရဲ့ ညှင်းပန်းနှိပ်စက်တာ
ကို ခံရတယ်။ ​သေ​ကောင်​​
​ပေါင်းလဲ​ ​ထောင်းထုခံရတယ်။ သူတို့အားလုံး အတွက် ဂန္ဓမာပန်းခင်းကြီး ​တောင်
ပွင့်လန်းနေလို့။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now