Chapter 7

648 131 1
                                    

"အချစ်​ ပြိုင်​ဘက်​များ
တစ်​​ပေါင်းတစ်​စည်း တည်း
ဖြစ်​သွားခြင်း"

အဖြစ်အပျက် များစွာ ပြီးတဲ့
​နောက်မှာတော့ LanRe Serverသားတွေ စိတ်ထဲ မှာ လက်ခံသွားတဲ့ တစ်ချက် ရှိတယ်။
ထန်းရှီ အမွှေကောင် က
ဂိမ်းထဲမှာတင် မကဘူး။
တကယ့် အပြင်ဘက် ​လောက မှာ
လည်း လူလိမ် အကြီးစားလို့လေ။

ထိုညမှာတင် Server ရဲ့
ကစားသမား တစ်ဝက်ကျော်
​လောက် က ဂျင်းအကြီးစား
မိသွားကြတယ်။

တချို့သူတွေ ဆို Crime points
​တွေ အစုလွန်ပြီး သုံးရက်လောက်
ထောင်ထဲ ဝင်​ရမည် ဖြစ်ကြောင်း
အကြောင်းကြား ခံလိုက်ရတယ်။

ဆန့်ကျင်ဘက် ဆိုသလို
ထန်းရှီ ကတော့ ​နောက်တစ်ရက်
မနက်ခင်း ဟန်ဂျိုးမြို့တော် မှာ သီချင်းလေး တညီးညီးနဲ့
တက်ကြွတဲ့ ကြက်ဖလေး လို
​အေးအေးလူလူ လည်ပတ်
​နေတော့တယ်။

နောက်တစ်ချက် အနေ နဲ့
သူတို့ ရှာဖွေ ​တွေ့ရှိသွားတာ က
သူတို့စိတ်ထဲမှာ တစ်ခုခုဖြစ်တော့
မယ်လို့ ခံစားလိုက်ရတဲ့ အချိန်တိုင်း ထန်းရှီနဲ့ သူ့နောက်လိုက် တ​ပေါင်း
တပါကြီးဟာ ​ချောမွေ့နေတဲ့
လမ်းမကြီး​ပေါ် လှည်းဘီးကျွတ်
ထွက်သွားသလို မျိုး သောက်တလွဲ
​တွေကြီး ထလုပ်ကုန်ကြတယ်
ဆိုတာ။

အကြိမ်ကြိမ် ခံရပေါင်းများနေတာ
​တောင် အမှတ်မရှိ ကြ​သေးတဲ့
ငပေါအုပ်စုကြီး ကတော့ ထိုတလွဲနောက် ကို အထုတ်ဆွဲ
ဖျာပိုက်ကာ တို့လို့ တန်းလန်းနဲ့
လိုက်လို့ ကောင်းနေကြတုန်းပင်။

ဒါပေမဲ့ လည်း သူတို့အချိန်
အကြာကြီး ​မျှော်လင့်စောင့်စား
​နေကြတဲ့ အချစ်ပြိုင်ဘက်
နှစ်ယောက်ရဲ့ ကြောင်ကိုက်ပွဲ က
ဖြစ်မလာခဲ့ဘူး။

မင်္ဂလာဆောင် မှာ ရည်းစားဟောင်း
ပါဆိုပြီး ဒရာမာကား ဆန်ဆန်
​ပေါ်လာတာမျိုးလည်း မဖြစ်ခဲ့ဘူး။

လှည်းကျိုးထမ်းမဲ့ တစ်ကောင်
​ပေါ်ထွက်​လာတာမို့ အပြတ်ပြတ်
နဲ့ နှာခေါင်းသွေး ထွက်တော့
မယ်လို့ ထင်ကြပေမဲ့ လည်း မျှော်နေကြသလို ကွာရှင်းတာမျိုး
က ဖြစ်မလာခဲ့ဘူး။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now