Chapter 50

342 63 2
                                    

"သောက်ကျိုးနည်း Livestream"

ထန်းရှောင်ရဲ့ဂိမ်းaccountကို ဖော်ထုတ်ခံလိုက်ရပေမဲ့ သူမဆီမှာ fanအသစ်တွေလည်း အများကြီး ရသွားတယ်။

ထန်းရှောင်က ထန်းရှီဟုတ်မဟုတ်နဲ့ ပတ်သက်ပြီး အဖွဲ့မှူးနင်က သူမကို တိတ်တဆိတ်နေပြီး သဘောတူဖို့ ပြောလိုက်တယ်။

Spirit Roadက ထို့နောက်မှာတော့ သူမကို ထန်းရှီရဲ့လက်နက်ပစ္စည်းတွေနဲ့ တူညီတဲ့ female enchantress accountတစ်ခုကို ပေးလာတယ်။

ထန်းရှောင်က ထိုaccountကို နံမည်ပေးလိုက်တယ်။
__စောက်ရမ်း "" တဲ့ အမျိုးသား

မူလက "စောက်ရမ်းလှလွန်းတဲ့ အမျိုးသားဆိုတဲ့" နံမည်ကို သူမရွေးထားပေမဲ့ တစ်ယောက်ယောက်က ထိုနံမည်ကို ယူထားပြီးဖြစ်တာကြောင့် နောက်ကနေ "လ"ဆိုတာကို ပြောင်းလိုက်တယ်။

အဖွဲ့မှူးနင်ကတော့ သူမရဲ့အများရှေ့မှာချပြထားတဲ့ ချစ်ဖို့ကောင်းပြီး အေးဆေးတည်ငြိမ်တဲ့ နတ်ဘုရားမပုံရိပ်က သူမရဲ့မူလက ဂိမ်းထဲမှာမွှေထားတဲ့ အပြုအမူတွေကြောင့် ကွဲကြေပျက်စီးပြီးပြီလို့ ပြောလာတယ်။

ထို့ကြောင့် ဂိမ်းဆော့တဲ့အချိန် သူမတတ်နိုင်သလောက် အပြတ်ချဲလို့ရပြီဟုပင်။

ပြီးတော့လည်း Live streamလုပ်တဲ့အချိန် သူတို့အားလုံးအတူတကွ ပူးပေါင်းရမှာ ဖြစ်တယ်။

Livestream Battleပွဲမှာ ပါဝင်ဖို့အတွက် စာရင်းသွင်းကြတဲ့ လူတွေက များသထက်များပြားလာကာ လူတိုင်းက LanRe Serverကိုပဲ အပြေးအလွှားသွားပြီး စာရင်းလာပေးနေကြတော့တယ်။

ကုမ္ပဏီဘက်က ဘက်ပေါင်းစုံကနေ ပြန်လည်စဉ်းစားသုံးသပ်ပြီးနောက်, ဂိမ်းထဲမှာ ပါဝင်ဖို့အတွက် တခြားသောhigh levelled playerတချို့ကိုပါဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့က အနုပညာရှင်တွေကို ညီတူညီမျှ နှစ်သင်းခွဲလိုက်တယ်။

ထန်းရှောင်နဲ့ မူချောင်ကိုလည်း အသင်းခွဲပစ်လိုက်တယ်။

ထန်းရှောင်က မက်မွန်မြေသူရဲကောင်းနဲ့အတူ Huxiao teamမှာ ပါဝင်ကာ မူချောင်က Longyin teamကို ရောက်သွားတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားDonde viven las historias. Descúbrelo ahora