Chapter 2

1K 156 4
                                    

"မင်္ဂလာဆောင်မှ ထွက်ပြေးနိုင်ခဲ့
သော်လည်း ထပ်ပြီးအရိုက်ခံရ
တုန်းပဲ"

ဒုတိယမြောက်ရက်မှာတော့
ထန်းရှောင် လိုင်းပေါ် ကနေဆင်း
သွားတဲ့ အချိန်အတွင်းServer
တစ်ခုလုံး နတ်ဘုရားမ စုမူကျိနဲ့ စိတ်ကြီးဝင်နေတဲ့ အမွှေကောင် ထန်းရှီတို့ရဲ့ အချစ်ဇာတ်လမ်းကို ပဲ ပွစာတက်​အောင် ​ပြောနေကြ​တော့
တယ်။

တစ်ယောက်က ​ပြောတာတော့ Clanနှစ်ခု အစေးမကပ်ရတဲ့
အကြောင်းရင်းက ထန်းရှီက
စုမူကျိကို ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
လည်း နတ်ဘုရားမက ငြင်းလိုက်
လို့တဲ့။
ဒါပေမဲ့ အခုတော့ နတ်ဘုရားမ
က ခံစားသွားရပြီ။ သူမက ​နောက်ဆုံးတော့ အိပ်မက်ထဲက ခင်ပွန်းလောင်း ကို ရှာတွေ့သွားပြီ
​ပေါ့! သူမက လက်ထပ်ဖို့
လက်ခံလိုက်တယ်​!
ဂုဏ်ပြုပါတယ်!

ထန်းရှောင်: "ဟားဟား..."

[Systemမှအသိပေးချက်]
စုမူကျိ မှ ထန်းရှီကို နှင်းဆီပွင့်ချပ်
၉၉၉ပွင့် ​ပေးလိုက်ပါတယ်။ ကစားသမားနှစ်ယောက် ရဲ့
Friendship Points
က ၉၉၉မှတ်အထိ တိုးသွားပါပြီ။

[Systemမှအသိပေးချက်]
စုမူကျိ မှ ထန်းရှီကို နှင်းဆီပွင့်ချပ်
၉၉၉ပွင့် ​ပေးလိုက်ပါတယ်။ ကစားသမားနှစ်ယောက် ရဲ့
Friendship Points
က ၉၉၉မှတ်အထိ တိုးသွားပါပြီ။

[စကားဝိုင်း၁] ဘောင်းဘီမှာကပ်နေတဲ့အမွှေးတစ်
မျှင်လေး: "သေစမ်း။ ချမ်းသာ
လိုက်တာကွာ။ ဟေး...ဘောစိ,
မင်း partner ရှာ​နေတာလား?
ကိုရီး ဒီမှာရှိတယ်​နော်!"

[စကားဝိုင်း၂]
မြေအိုးထဲကရွှေတုံးလေး:
"အခုတလော လူတော်တော်
များများက ချမ်းသာတဲ့ သူတွေ
နဲ့ သူငယ်ချင်းဖြစ်ချင်နေကြတာ။ ဒါပေမဲ့လည်းကွာ ချမ်းသာတဲ့သူ
နဲ့ သူငယ်ချင်း ဖြစ်တော့ရော
ဘာလုပ်ရမှာလဲ?
မင်း သူတို့ဆီကနေ အကျိုးအမြတ်
ရတယ် ဆိုရင်တောင်မှ သူတို့ရဲ့
သနားသဖြင့် စွန့်ကြဲတာ​လေးကို အမြီးလေးနှံ့ပြပြီး လက်ခံရမှာ။
ပြီးတာနဲ့ မင်းက တဖြည်းဖြည်းနဲ့
ဒုတိယ မျိုးဆက်ရဲ့ ခိုင်းဖက်ဖြစ်
လာရင် အဲဒါက မင်းရဲ့ ဂုဏ်သိက္ခာ
ကို ထိခိုက်စေလိမ့်မယ်။ မင်းက အဲလိုမျိုး ပြန်ပေးဆပ်ချင်လို့
လား?"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now