Chapter 44

359 77 5
                                    

"စုမူကျိကို ထိန်းချုပ်ခြင်း"

ထန်းရှောင်မှာ သူမရဲ့accountတွေ တစ်ခုမှသုံးလို့မရတာကြောင့် မူချောင်က သူမကို စုမူကျိနဲ့ ပေးဆော့စေလေတယ်။

ထန်းရှောင် သူမရဲ့screenပေါ်က အဖြူရောင်ဝတ်ရုံရှည် လေထဲမှာ တလွင့်လွင့်နဲ့ ဒဏ္ဏာရီဆန်ဆန် ထူးခြားတောက်ပနေတဲ့ Alchemistအမျိုးသားကောင်းကို ကြည့်နေမိပြီး သူမရဲ့စိတ်ခံစားချက်တွေက အရမ်းကို ကောင်းလာတယ်။

သူမ ဂိမ်းထဲကိုဝင်လိုက်တာနဲ့ စကားပြောခန်း guild chatထဲက notiတစ်ခုက သူမဆီ ချက်ချင်းရောက်လာတယ်။

[Guild] ဒီအရှင်မင်းကြီး၏ accountခွဲ ၃ : "ဟမ်? ဘောစ့်စုပါလား, ဘယ်လိုလုပ် အွန်လိုင်းဖြစ်နေတာလဲ?"

[Guild] စုမူကျိ: "ဖာခ့်@#$**, ဒီတော့ မင်းမှာ နောက်ထပ်accountခွဲ တစ်ခု ထပ်ရှိသေးတယ်ပေါ့"

[Guild] ဒီအရှင်မင်းကြီး၏ accountခွဲ ၃ : "......ဘာလို့ ဒီလေသံက အရမ်းကို ရင်းနှီးနေတာပါလိမ့်?"

ထန်းရှောင် ဒီအရှင်မင်းကြီးaccountရဲ့ informationနေရာကို clickနှိပ်ကြည့်လိုက်ကာ သူ့ရဲ့နောက်ထပ်alt accountခွဲကတောင် ရွှေရောင်တဝင်းဝင်းနဲ့ levelမြင့်တစ်ခုမှာ ရောက်နေတာကို မြင်လိုက်ရတယ်။

သူမတကယ်ပဲ ချမ်းသာတဲ့လူတွေရဲ့ကမာ္ဘကြီးကို နားမလည်နိုင်ဘူး။

[Guild] ဒီအရှင်မင်းကြီး၏ accountခွဲ၃ : ".....မင်းက ထန်းရှီလေးတော့ မဟုတ်ပါဘူးနော်"

[Guild] စုမူကျိ: "ဟုတ်တယ်, ငါက ထန်းရှီပဲ။ အလှတရားနဲ့ ထက်မြက်တဲ့အရည်အချင်းကို ပေါင်းစပ်ထားတဲ့အပြင် ချစ်ခြင်းမေတ္တာနဲ့ တရားမျှတခြင်းတို့ရဲ့ စံနမူနာယူထိုက်တဲ့ တစ်​မိုး​အောက် ထန်းရှီဆိုတဲ့ ငါပဲ"

[Guild] ဒီအရှင်မင်းကြီး၏ accountခွဲ၃ :......

[Guild] ခွဲခွာခြင်းတေးသံ:.....

Ranzhi နဲ့ MengHu Clanနှစ်ခုလုံးကတော့ ထန်းရှီဆိုတာ ပြိုင်စံရှားအရှက်မရှိတဲ့ တစ်​မိုး​အောက်​လူသားဆိုတာ သိထားကြပြီးသားပင်။

သို့ပေမဲ့လည်း ကောင်းကင်ဘုံကတော့ သူမကို အရမ်းကို အလိုလိုက်ချစ်ခင်ပုံရတယ်။
သူမဘယ်လောက်ပဲ သေလမ်းရှာရှာ, သေကိုမသေနိုင်တဲ့ အာဂလူသားပင် ဖြစ်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now