Chapter 47.2

313 68 0
                                    

"သဘောကျလွန်သွားတဲ့ fanက အလိုအလျောက် Anti-fanဖြစ်လာတယ်၂"

သူမကို အံ့ဩသင့်ထိတ်လန့်သွားစေတာကတော့ သူတို့ရဲ့game ID nameတွေသာ ဖြစ်တယ်။

"ထန်းရှောင်အား ရှာဖွေခြင်း"

"ရင်ဘတ်တုတပ်ထားတဲ့ အရှက်မဲ့တဲ့ ထန်းမျိုးနွယ်"

"နတ်ဘုရားမထန်းရှောင် မွချိမွချိ"

........

အပျော်ရှာနေတဲ့ လူအုပ်ကြီးက အားလုံးဝိုင်းပြီး အပျော်ရှာဖို့ ကြိုးပမ်းနေကြတယ်။

ထန်းရှောင်မှာ သူမကို ဆဲရေးနေကြတဲ့ antiတွေနဲ့ နေသားကျနေပြီ ဖြစ်တယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့, တချို့လူတွေက သူမရဲ့fanတွေ ဖြစ်လာတာကို မြင်ရလိမ့်မယ်လို့ မထင်ထားပေ! အရမ်းကို ရှောခ့်ရစရာပဲ။

သူမရှေ့ကို တကယ်ကြီးခုန်ထွက်ပြီး ပြောလိုက်ချင်တာ,
"ဟယ်လို, မင်းတို့အားလုံးက ငါ့ရဲ့alt accountခွဲတွေလား!

ဒီတစ်ကြိမ်မှာတော့ သူမ မထင်မရှားနေဖို့သာ ဆုံးဖြတ်လိုက်တယ်။

အရံကုသပေးသူမိန်းကလေးက MengHu Clanကို joinလိုက်ကာ ဂိုဏ်းအတွင်းမှာတော့, အားကောင်းတဲ့ ဟော့ပေါ့လေးက ဂိုဏ်းbattleပွဲတစ်ပွဲကို ဦးဆောင်ညွှန်ကြားနေတယ်။

ဘယ်သူမှ သူမကို သတိမထားမိကြပေ။

ကစားသမားတွေနဲ့ ပြည့်ကျပ်နေတဲ့ ရွှေဝါရောင်နယ်မြေဆီ သူမ တိတ်တိတ်လေး တယ်လီပို့တ်လုပ်ပြီး သွားလိုက်တယ်။

မြေပုံပေါ်မှာတော့ အနည်းဆုံးဂိုဏ်းလေးဂိုဏ်းလောက်က အချင်းချင်းတိုက်ခိုက်နေကြတယ်။

ရန်စစကား၊တိုက်ပွဲစကားတို့ ဘာမှများများစားစား ပြောဆိုထားကြခြင်းမျိုးလည်း မရှိကြကာ လူတိုင်းက သူတို့ရဲ့အကျီလက်နားစတွေကို ပင့်တင်လိုက်ပြီး အကုန်တရစပ် ပတ်တိုက်နေကြတာပင်။

ထန်းရှောင် တိတ်ဆိတ်စွာနဲ့ ဘေးကနေဝပ်တွားရင်း ကြည့်နေလိုက်တယ်။

ထိုရိုက်ပွဲကို သူမကြည့်နေရင်း တားမြစ်မြို့တော်က သူမတို့ဂိုဏ်းကို လာတိုက်ခိုက်တယ်လို့ ထင်ထားပေမဲ့ သုံးဂိုဏ်းတစ်ဂိုဏ်းပွဲ ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။

(MengHu , Ranzhi (စုမူကျိတို့ဂိုဏ်း)နဲ့ တားမြစ်မြို့တော်ဂိုဏ်း Vs တခြားဂိုဏ်းတစ်ဂိုဏ်း)

စစ်နတ်ဘုရားရဲ့အမျက်ဒေါသက သူ့ရဲ့လက်နက်ကို ဆုံးရှုံးထားတာကြောင့် လတ်တလောမှာ သူက လေးတစ်ချောင်းကို အသုံးပြုနေလေတယ်။

မြေအိုးထဲကရွှေတုံးလေးက လူတွေကို ကုသပေးရင်းနဲ့ အလုပ်များနေတယ်။

သူတို့တွေကို မတွေ့ရတာ ရက်အနည်းငယ်သာရှိသေးပေမဲ့ ဂိုဏ်းသုံးဂိုဏ်းက အတူတကွ သဟဇာတဖြစ်စွာ ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းပြီး ရှိနေကြတယ်။

သူတို့တွေ ဆေးမှားသောက်မိသွားကြတာလားဆိုတာ ထန်းရှောင် အနည်းငယ် သံသယဝင်လာတယ်။

မြေအိုးထဲကရွှေတုံးလေးက သူမကို ပထမဆုံး အာရုံခံမိသွားသူဖြစ်ကာ သူမကိုတွေ့ဖို့ လျင်မြန်စွာ အပြေးအလွှားရောက်လာတယ်။

ရွှေတုံးလေးမှာ တိုက်ခိုက်မှုAttackတွေအများကြီးကို ခံနေရကာ ဒီအရှင်မင်းကြီးဘက်ဆီ လှည့်ပြီး သူမကို လာကူညီပေးဖို့ အော်ပြောလိုက်တယ်။

[Private] မြေအိုးထဲက ရွှေတုံးလေးမှ သင့်ဆီသို့: "ထန်းရှောင်လား?"

[Private] သင်မှ ရွှေတုံးလေးဆီသို့:
" - _ -|| "

[Private] မြေအိုးထဲက ရွှေတုံးလေးမှ သင့်ဆီသို့: "ဖာခ့်***, နင် တကယ်အရူးမ။ နင် လိုင်းပေါ် တက်လာရဲသေးတယ်။ ဘယ်သူမှ မသိဘူးမလား?"

[Private] သင်မှ ရွှေတုံးလေးဆီသို့: "မသိပါဘူး။ ဒီaccountကို အဖွဲ့မှူးနင်ရဲ့IDနဲ့ လုပ်ထားတာ။ ဒါကြောင့် တစ်ယောက်ယောက်သေရမယ်ဆိုရင်တောင် သေမဲ့သူက အဖွဲ့မှူးနင်ပဲ ဖြစ်လိမ့်မယ်"

[Private] မြေအိုးထဲက ရွှေတုံးလေးမှ သင့်ဆီသို့: "ဖာခ့်***,ဂိမ်းလေးဆော့နိုင်ဖို့အတွက်နဲ့ အဖွဲ့မှူးနင်ရဲ့ IDကိုတောင် နင်ခိုးရဲတယ်။ နင်ဂိမ်းစွဲပုံကြီးက သောက်ကျိုးနည်းကို လက်လန်စရာပါလား။ နင်ပြန်သွားတာနဲ့ အဖွဲ့မှူးနင်က သေချာပေါက် နင့်အင်တာနက်ကို ဖြတ်ပစ်မှာ"

စကားများတဲ့နေရာမှာ အားစိုက်ထုတ်ရသလို ဂိမ်းထဲက တိုက်ခိုက်တဲ့နေရာမှာလည်း အတူတူပင်။

ဂိုဏ်းတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသေးကာ ရွှေတုံးလေးခေါ် ရှောင်လင်မှာ သူမရဲ့လက်ချောင်းတွေကို အသုံးပြုပြီး လူတွေကို ဆက်တိုက်ကုသပေးနေရတယ်။

ဒါကြောင့် ရှောင်လင်က ထန်းရှောင်ဆီ ဖုန်းခေါ်လိုက်ပြီး speakerဖွင့်ကာ နှစ်ယောက်သား လေပေးလေကန် စလိုက်ကြတယ်။

"ငါတို့ပြောနေတာ ဘယ်ရောက်သွားပြီလဲ?"
ရှောင်လင့်အသံက ဖုန်းတစ်ဖက်ကနေ ထွက်လာတယ်။

"ဒါက အရေးကြီးတာမဟုတ်ဘူး ။ အခုဘာတွေဖြစ်နေတာလဲ, Battleပွဲကြီး တစ်ခုလား?"

ထန်းရှောင် ဂရုတစိုက်နဲ့ တချို့သောတိုက်ခိုက်ရေးမန္တန်တွေကို ရှောင်တိမ်းလိုက်ရင်း ရွှေတုံးလေး ဒဏ်ရာရသူတွေကို ကုပေးနေတာကို ဘေးကနေကူညီပေးလိုက်တယ်။

"နင့်ကို ဝိုင်းဆဲဖို့ ဘယ်သူက fake userတွေနဲ့ ရေတပ်တစ်ခုလုံးကို ဝယ်လိုက်လဲမသိဘူး။ သူတို့က နင့်ကို နေ့တိုင်းအဆက်မပြတ်ဆဲနေကြတာ။ ဒါပေမဲ့ ငွေရောင်မျှော်လင့်ချက်ဆိုတာ အမြဲလိုလို ရှိတယ်လေ။ Spirit Roadရဲ့ high levelled playerတွေအကုန်လုံးက နင့်ကို ကြောင်တောင်တောင်နိုင်ပြီး ချစ်ဖို့ကောင်းတယ်လို့ ထင်နေကြတာ။ ဒါကြောင့်မို့ တချို့Antiတွေက နင့်ဖန်တွေ ဖြစ်လာတာပဲ။ သူတို့က နင့်ကို ဆဲနေတဲ့ တစ်ယောက်ယောက်ကိုတွေ့ရင် ကောထည့်ဖို့ ငါတို့တောင် စောင့်မနေဘူး။ သူတို့ ဝိုင်းတွယ်လိုက်ကြပြီးသားပဲ"

ရွှေတုံးလေးက မရပ်မနား စာပိုဒ်တစ်ပိုဒ်စာလောက် စကားအရှည်ကြီးပြောလိုက်တယ်။

"အထူးသဖြင့်, တားမြစ်မြို့တော်ဂိုဏ်း, ဖာခ့်***, သူတို့က နေ့ချင်းညချင်းကို သူတို့ရဲ့ ဦးတည်ချက်ကို ပြောင်းလိုက်ကြတာ"

"ဘာလို့ တားမြစ်မြို့တော်ဂိုဏ်းက...."

"နင်က သူတို့ဂိုဏ်းချုပ်ရဲ့လက်နက်ကို မ သွားတာလေ, အဲ့နောက်တော့ နင့်accountလည်း ဟက်ခ်ခံလိုက်ရရော, ဆိုလိုတာ သူ့ပစ္စည်းလည်း ပါသွားတဲ့သဘောပေါ့။ အဲဒါနဲ့ပဲ အဲ့ဂိုဏ်းကဟာတွေ အကုန်စိတ်ဆိုးပြီး သွပ်သွပ်ခါကုန်ကြတာ။ ဘယ်လောက်တောင် စိတ်ကြီးကြလဲဆို နင့်ကို ဆဲလိုက်တဲ့ တစ်ယောက်ယောက်ကိုသာ တွေ့ရင် ချက်ချင်းကို တန်းပြေးပြီး ဝိုင်းကြိတ်ကြတဲ့အထိပဲ။
အဲဒီဝက်အူချောင်နေတဲ့ စောက်ရူးဂိုဏ်းချုပ်ဆိုရင် သူတစ်ယောက်တည်းနဲ့ တစ်အုပ်လုံး ချဲမယ်ဆိုပြီး ဇွတ်တွေထလုပ်တာ! တော်သေးတာ မိုးလေးတစ်ဖွဲဖွဲ ရောက်လာပြီး ငါတို့ကို လာကူညီပေးလို့သာပဲ"

Spirit Roadက သိပ်မကြာခင်ကပဲ Spokespersonအသစ်ပြောင်းလိုက်ကာ ကစားသမားတွေက female enchantressဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ထန်းရှောင်ပုံကို ကြည့်ပြီး စိတ်ကျေနပ်နေခဲ့ကြတယ်။

အထူးသဖြင့် ထန်းရှောင်က ဒီဂိမ်းကို အမှန်တကယ် ဆော့ကစားနေတာကို သူတို့တွေ သိလိုက်ရတဲ့အချိန်မှာပဲ သူမက ကမ္ဘာမြေကြီးပေါ် ဆင်းသက်လာတဲ့ နတ်ဘုရားမတစ်ပါးလားလို့တောင် သူတို့ခံစားလိုက်ရတယ်။

အထူးသဖြင့် LanRe Serverက လူတွေ။

ဒီတော့ သူမ တခြားသူတွေကို ကျိန်ဆဲတော့ရော ဘာဖြစ်လဲ!

သူမက တခြားလူတွေရဲ့ဇနီးမယားတွေနဲ့ ပရောပရီလုပ်တော့ရော ဘာဖြစ်လဲ!

Male playerအများစုက သူတို့ရဲ့စိတ်သဘောထားတွေကို ကွက်ကွက်ကွင်းကွင်းကို ပြလိုက်ကြတော့တယ်။
သူတို့ရဲ့မိန်းမတွေကို လွှတ်လိုက်ပြီ, စိတ်ကြိုက်လာပြီး ဖွန်ကြောင်စမ်း!

Female playerတွေဆို ပိုတောင်ဆိုးလိုက်သေးတယ်!

မူလက သူတို့တွေက ထန်းရှီဆိုတာ သေချာပေါက် မိန်းကလေးတွေကို အဆက်မပြတ်လိုက်ကြောင်တဲ့ အသက်ကြီးကြီးနှာဘူးလူအိုတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်ထားခဲ့ကြတယ်။

သူမက ပုံမှန်အားဖြင့် အမျိုးသမီးကစားသူတွေကို ကာကွယ်ပေးပြီး သူတို့ကို လိုက်လံသတ်ဖြတ်တာမျိုး အနိုင်ကျင့်တာမျိုးမလုပ်တာတောင်မှ ထန်းရှီဆိုတဲ့ နံမည်ကို နှာဘူးကောင်အဖြစ်နဲ့ ရာဇဝင်တွင်တဲ့အထိ မှတ်ကျောက်တင်ထားကြတယ်။

သူမ ပိုပြီးစကားများများ လိုက်ပြောပြီး အီစီကလီလုပ်လေ, သူမက ပိုပြီး နှာထနေတာလို့ ထင်ခဲ့ကြလေပင်။

ဒါပေမဲ့ အခုတော့, ထန်းရှီဆိုတာ အမှန်တကယ်တော့ ထန်းရှောင်ဖြစ်နေတာကို သူတို့သိလိုက်ရတယ်။

Spirit Roadရဲ့ spokespersonအသစ်လည်း ဖြစ်သလို စုပိုင်ရဲ့ ဂျူနီယာညီမလေး။

အရင်က ဖွန်လိုက်ကြောင်ခံရဖူးတဲ့သူတွေ, ကာကွယ်ပေးတာခံခဲ့ရတဲ့သူတွေ, သူတို့တွေအကုန်လုံးမှာ တောက်ပတဲ့ ချပ်ဝတ်တန်ဆာတွေ ဆင်မြန်းထားတဲ့ သူတို့ရဲ့သူရဲကောင်းနဲ့ အတူရှိနေရမဲ့ အခွင့်အရေးကို လွှဲချော်သွားသလိုမျိုး ခံစားလိုက်ကြရတယ်။

ထိုအကြောင်းတွေကို သူတို့တွေ ပြန်လည်တွေးတောပြီး သတိပြုမိသွားကြတာ, ထန်းရှီက အရမ်းကို ခင်မင်စရာကောင်းတာပဲ!

လုံးဝကို ချစ်သူကောင်လေးပုံစံမျိုး!

ဘယ်နေရာမှာများ သူမက နှာဘူးကျနေလို့လဲ?

ဒီအတိုင်း ဖလစ်(flirt)တဲ့နေရာမှာ တော်နေရုံပါ!

MengHu နဲ့ Ranzhi ဂိုဏ်းနှစ်ခုက အတူပူပေါင်းပြီး တိုက်ခိုက်နေခဲ့တုန်း ဘေးမှာ ကင်းပုန်းစောင့်ပြီး ဝပ်နေတဲ့ တခြားဂိုဏ်းကသူလျိုတစ်ယောက် ရှိနေခဲ့တယ်။

ဂိုဏ်းနှစ်ဂိုဏ်းမှာ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး ဦးဆောင်တဲ့စကားဝိုင်းမှာ ဆွေးနွေးနေကြတုန်းပင်။

သိပ်မကြာလိုက်ပေ။ တော်တော်များတဲ့ လူအုပ်ကြီးက ရှေ့ကို ခုန်ထွက်လာကြတယ်။

ထန်းရှောင်က တုံးအတယ်ဆိုရင်တောင်မှ သူမသိနေတာ , ဒီလူတွေက သေချာပေါက် သူမကို ပွေ့ဖက်ဖို့ ဒီနေရာမှာ ရှိနေကြတာ မဟုတ်ဘူးဆိုတာပင်။

ကောင်းကင်မှာတော့ တိုက်ခိုက်ရေးမန္တန်ပေါင်းစုံ ရှုပ်ယှက်ခတ်ပြီး မိုးရွာသလိုဝဲပျံနေကာ သူမပေါ်လည်း ထိမှန်လာတယ်။

ရုတ်တရတ်ကြီး ထန်းရှောင်ရဲ့ ဂိမ်းscreenမှာ အဖြူနဲ့ အနက်ဖြစ်သွားတယ်။

ဒီထက်ပိုဆိုးတာ သူတို့တွေက လူအုပ်လိုက် ကမူးရှူးထိုးထပြေးလာကြရုံသာမက သူမအပေါ်ကိုပါ ခွပြီးတက်နင်းနေကြတယ်။

Accountအကုန်လုံးက သူမရဲ့ခန္ဓာကိုယ်ကို ခြေနင်းဖက်အလား သဘောထားပြီး စုပြုံပြီး တက်နင်းနေကြကာ သူမရဲ့screenပေါ်မှာ မြင်နေရတာ လူတွေရဲ့ရောင်စုံဘောင်းဘီတွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေကိုသာ။

[လက်ရှိ] အရှင်မင်းကြီးက ငါ့ကိုဆင့်ခေါ်လိုက်တယ်:.....

ဖုန်းတစ်ဖက်ကနေ ရှောင်လင်က သူမကို နှစ်သိမ့်လိုက်တယ်။
"စိတ်မပူနဲ့, ငါတို့ အစီအစဉ်တစ်ခု တွေးထားပြီးပြီ"

#1741 words
Ive Latte(mm)

----------------------------------------------

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now