Chapter 1

2.3K 188 11
                                    

"ကလူကျီစယ်တဲ့ နေရာမှာကျရှုံး
ရုံတင်မကဘူး အရိုက်ကလဲခံရ
တယ်"

ထန်းရှောင်ရဲ့ဘဝမှာ အဖြစ်ချင်
ဆုံး အိပ်မက်နှစ်ခု ရှိတယ်လို့
​ပြောရမလား။

ပထမအိပ်မက်ကတော့ သူမရဲ့
ကမာ္ဘကြီးဖြစ်တဲ့ မူချောင်ကို
သူမရဲ့အိပ်​ခန်းထဲမှာ ဘယ်သူမှ
မသိအောင် ဝှက်ထားနိုင်ဖို့ပဲ။ အဟမ်း...ဒါကတော့ နည်းနည်း
လေး မဖြစ်နိုင်ဘူးဆိုတာ သူမ
သိနေတယ်။
တကယ်တော့ နည်းနည်းလေး​
​တောင် မဟုတ်ဘူး.....
လုံးဝမဖြစ်နိုင်တာ!
အခုနေ ကမာ္ဘကြီး ကို
အင်္ဂါဂြိုဟ်သား​တွေ လာတိုက်ရင်
​တောင် မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခု
​ပေါ့။

ဘာလို့လည်း ဆိုတော့ သူမလိုပဲ
မူချောင်ကို အိပ်​ယာထဲမှာ
တိတ်တိတ်လေး ဝှက်ထားချင်တဲ့
သူတွေက သမုဒ္ဒါရာထဲက
သဲပွင့်တွေထက် ​တောင်များပြား
​နေလိမ့်မယ်ဆိုတာ သူမသိနေလို့ပါ။

သူမရဲ့ဒုတိယ အိပ်မက်တစ်ခု က
တော့ Spirit Road အွန်လိုင်း
ဂိမ်းကို ​ဆော့မယ်။ ပြီးတာနဲ့ RanZhiJiangShan Clan ထဲ
က သားရဲကောင်တွေ အကုန်လုံး
ကို ဖင့်ဆောင့်ကန်ပြီး ငရဲပြည်ဆီ
Delivery နဲ့ အမြန်ချောပို့လိုက်ဖို့
ပဲ။
ဒီအိမ်မက်လား....ဒါပေါ့။
ဒီအိပ်မက် ကတော့ သူမနေ့တိုင်း
တောင် ရနေတဲ့အရာ ပဲလေ...
အဲ့ကောင်တွေကို နိမ်နင်းပြီးသူမ
ရဲ့Levelတွေကို အဆင့်တိုးအောင်
လုပ်ရတယ်လေ။

[စကားဝိုင်း၁]

ထန်းရှီ:
[ဖွန်ကြောင်ခြင်း အနုပညာ၁] "ဟေး...ကိုယ် ဒီနေ့လည်း စုမူကျိ
​လေးဆီ ထပ်ပြီးလာပြန်ပြီနော်။ မူကျိလေး..မင်းသာ ​ခေါက်ဆွဲလေး
​တွေ ဖြစ်မယ်ဆိုရင် ကိုယ်က မင်းကို
အကြင်နာတွေနဲ့ အရည်ဖျော်ပေးမဲ့
ရေနွေးလေးပါကွာ"

[ဖွန်ကြောင်ခြင်းအနုပညာ၂] "မူကျိလေးရေ...မင်းသာ ​ဟောဒီ
က ​ကောင်းကင်ကြီး ဖြစ်ခဲ့မယ်ဆို
ကိုယ်က မင်းလေး ကို အလှဆင်ပေး
မဲ့ တိမ်တိုက်လေး ဖြစ်ပါရစေနော်"

[ဖွန်ကြောင်ခြင်းအနုပညာ၃]
"ချစ်ရတဲ့ မူကျိလေးသာ ​တောက်ပ
တဲ့ ကြယ်ပွင့်လေးများ ဖြစ်ခဲ့ရင်
ကိုယ်က မင်းအတွက် လမင်းကြီး
ဖြစ်ပေးမှာနော်။ ကိုယ် မင်းကို အနာဂတ်မှာလည်း ချစ်မြတ်နိုး
သွားမှာပါ။ ဒါကြောင့် ​
​ကျေးဇူးပြုပြီး ကိုယ့် ကို စဉ်းစားပေးပါနော်! ကိုယ် က
မူကျိလေး အတွက် သာဆို
ချစ်ဖို့ကောင်းအောင် လည်း လုပ်ပြ
နိုင်တယ်။monsterတွေ.ကိုလည်း
သတ်ပေးနိုင်တယ်။ တခြားသူတွေ ဆီကနေလည်း အနိုင်ကျင့်မခံရ
​အောင် ကာကွယ်​ပေးနိုင်တယ်။
ကိုယ်က မင်းအတွက် အဘက်ဘက်
ကနေ လုံးဝကို ပြီးပြည့်စုံတဲ့ ခင်ပွန်း
​ကောင်းတစ်ယောက် ဖြစ်စေမှာပါ"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now