Chapter 40

473 92 3
                                    

"Pink, pink, pink"

ရှောင်လင်က ထန်းရှောင်တို့ရိုက်ကူးရေးအဖွဲ့သားတွေနေတဲ့ ဟိုတယ်ဆီ ခိုးကြောင်ခိုးဝှက်နဲ့ မျက်နှာလာပြလာတယ်။ ထောင့်တစ်နေရာမှာ ကုပ်ချောင်းချောင်းနဲ့ ထိုင်နေတဲ့ သူမကို ထန်းရှောင် တွေ့လိုက်ရတယ်။

ရှောင်လင်က သူမကို မြင်တာနဲ့ ကယ်တင်ရှင်ကြီးကို တွေ့လိုက်ရသလိုမျိုး တစ်ချက်တည်းနဲ့ သူမရဲ့ရင်ခွင်ထဲ ခုန်ဝင်လာပြီး သူမ(ရှောင်လင်)ရဲ့မျက်နှာကို ထန်းရှောင်ရဲ့ရင်ဘတ်နဲ့ ပွတ်လိုက်ပြီး
"နင် နောက်ဆုံးတော့ ရောက်လာပြီပေါ့!"

ထန်းရှောင် ရှောင်လင်ဝတ်လာတာတွေကို တစ်ချက်ကြည့်လိုက်တယ်။
သူမရဲ့ဝတ်စုံက Bohemian ပုံစံဖြစ်ပြီး အပေါ်က တဘက်တစ်ထည်ခြုံထားကာ အင်တာနက်ဘားကနေ ထွက်လာတုန်းက နေကာမျက်မှန် မေ့ကျန်ထားခဲ့တာကြောင့် ခေါင်းစည်းပဝါနဲ့ သူမရဲ့မျက်နှာတစ်ခုလုံးကို တင်းတင်းကြပ်ကြပ်စည်းပြီး ဖုံးထားလေတယ်။

Bohemian outfit

Bohemian outfit

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"....နင် ဘဏ်ကို ဓားပြတိုက်မလို့လား အိမ်ဖြူတော်ကို ဗုံးခွဲမလို့လား?"

ရှောင်လင်က သူမမျက်နှာပေါ်က ခေါင်းစည်းပဝါကို အောက်ကို အနည်းငယ်ဆွဲချလိုက်ကာ
" နင် ဒီလိုမျိုးလုပ်နေရင် ဒီအဖိုးတန်လေးကို ဆုံးရှုံးရလိမ့်မယ်နော်"

ထန်းရှောင်က ရှောင်လင်ကို အပေါ်အောက်ငုံ့ကြည့်ရင်း
"နင့်ရင်ဘတ်ကလွဲရင် ဘယ်မှာလဲ အဖိုးတန်က? ပြောပါဦး, အဖွဲ့မှူးနင်က နင့်ကို ဘယ်လိုများ....."

ရှောင်လင်က လက်သီးလက်မောင်းတန်းပြီး ပြောလိုက်တယ်။
"ငါ့ရင်ဘတ်မကြီးတော့ ဘာဖြစ်လဲ"

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now