Chapter 43

422 80 4
                                    

"နင်လည်းသေ, ငါလည်းသေ ,ငါတို့အားလုံး အကုန်အတူသေကြတာပေါ့"

ထန်းရှောင် ဘဝမှာ Spirit Roadရဲ့ Serverတွေ တကယ်ကြီး ဖျက်စီးခံလိုက်ရလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးပေ။

ကွန်ပျူတာရဲ့ မော်နီတာမျက်နှာပြင်ထက်မှာတော့ ဂိမ်းနဲ့ပတ်သက်တဲ့ သတင်းတွေကိုသာ တင်လေ့ရှိတဲ့ websiteမှာ သတင်းအသစ်တွေက ဆက်တိုက်တက်လို့နေလေတယ်။

သူမတို့ဂိမ်းထဲကနေ kickခံလိုက်ရပြီး မရှေးမနှောင်းမှာပဲ သတင်းတွေတက်လာတာက Hမြို့မှာရှိတဲ့ ဂိမ်းကုမ္ပဏီတစ်ခုမှာ ဂိမ်းServerတွေ ထိခိုက်ပြီးပျက်စီးသွားတယ်ဆိုတဲ့ သတင်းတွေချည်းပင်။

ထန်းရှောင်မှာ ထိုသတင်းတွေကို မျက်လုံးအပြူးသားနဲ့ ကြောင်အစွာ ကြည့်နေမိပြီး လုံးလုံးဆွံ့အနေတော့တယ်။

"မူချောင်....သူတို့တွေလေ မနက်ဖြန်ကျရင် ကျွန်မကို ရဲနဲ့ဖမ်းခိုင်းလိုက်မှာတော့ မဟုတ်ပါဘူးနော်....?"
ထန်းရှောင့်မျက်နှာက ဆိုးဆိုးရွားရွားကို ကြောက်ရွံ့မှုအပြည့်နဲ့။

Serverတစ်ခုလုံးကိုတောင် ပျက်ကျသွားအောင် လုပ်လိုက်မိတယ်!

"ဒီရက်တွေအတွင်း အမည်မသိတဲ့ ဖုန်းခေါ်ဆိုမှုတွေလာရင် မကိုင်လိုက်နဲ့"
မူချောင်က သူမကို အားပေးစကားပြောလိုက်တယ်။

ထန်းရှောင်:....

အဖွဲ့မှူးနင်မှာ ဒီအတောအတွင်း ဆက်တိုက်အလုပ်များနေခဲ့ကာ နောက်ဆုံးမှာတော့ အလုပ်အားပြီး ရိုက်ကူးရေးဆီ လာရောက်လည်ပတ်ဖို့ အချိန်ရလာခဲ့လေတယ်။

သူက မနက်စောစောလေယာဉ်နဲ့ အပြေးလေးရောက်လာပြီး မူချောင်ရဲ့ဟိုတယ်အခန်းတံခါးကို ခေါက်လိုက်တယ်။

"ကျိမင်ရူက မင်းကို လာရှာတယ်ဆို?" အဖွဲ့မှူးနင်က လိုရင်းကို တိုက်ရိုက်ပြောလိုက်တယ်။

မူချောင်မှာ အခုလေးတင်မှ အိပ်ယာမှ နိုးကာစဖြစ်တာကြောင့် သူ့ပုံစံက အနည်းငယ်ပျင်းရိလေးတွဲ့နေပုံပေါက်ပြီး ညအိပ်ဝတ်စုံက ကြယ်သီးအနည်းငယ်ပင် ပြုတ်နေသေးတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now