Chapter 28

492 96 0
                                    

"ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေး၏ မင်္ဂလာဧည့်ခံပွဲအား တက်ရောက် အားပေးခြင်း၂"

ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေးရဲ့ မင်္ဂလာဆောင်က Hမြို့
ရဲ့ အဆင့်မြင့်ဆုံး ဟိုတယ်မှာ ကျင်းပတာဖြစ်တယ်။

ထန်းရှောင် က ဟိုတယ်အခန်းကို ကြိုပြီး ဘိုကင် ချိတ်ထားတာ
​ကြောင့် ဧည့်ကြိုကောင်တာကနေ အခန်းသော့တွေ ရလာတဲ့ အချိန်
မှာတော့ ရှောင်လင်ကို သူမနဲ့
အတူ အပေါ်ထပ်ကို ဆွဲခေါ်သွား
လိုက်တယ်။

သူမ လုံးဝ မမျှော်လင့်ထားတဲ့
အရာက မူချောင်ကလည်း
ဒီ​နေရာမှာ သူမနဲ့ အကြံတူတွေ ဖြစ်နေမယ်​ဆိုတာ တကယ့်ကို တိုက်ဆိုင်မှု တစ်ခုလို့ ပြောရ
မလားဘဲ။

လူနှစ်ယောက်ရဲ့ အခန်းတွေက တိုက်ရိုက် မျက်နှာချင်းဆိုင် ဖြစ်နေတာကိုသာ ကြည့်လိုက်
​တော့။

“…..တိုက်ဆိုင်လိုက်တာ”

မူချောင် သူ့အခန်းတံခါး ကို တွန်းဖွင့်လိုက်တာကို ကြည့်ပြီး ထန်းရှောင်မှာ ဒီအထိ တိုက်ဆိုင်
လွန်းနေတာကို ရင်နာနာနဲ့ မှတ်ချက်
​ပေးလိုက်တာက လွဲလို့ ဘာမှ မပြောနိုင်တော့ဘူး!

သူမ Spirit Roadကို စဆော့က
တည်းက သူမ ဘဝမှာ ဆက်တိုက်
ဆိုသလို ကြုံတွေ့လာရတာက “ကံကြမ္မာ”ဆိုတဲ့ အရာပဲ။

မူချောင်က သူမ လက်ထဲက အခန်းသော့ကို ကြည့်လိုက်ပြီး
“တကယ့်ကို ထူးဆန်း တဲ့
တိုက်ဆိုင်မှုပဲ”

“အ, ရှင် ဘယ်လိုလုပ်ပြီး Hမြို့
ကို ရောက်လာတာလဲ”

“ကျွန်တော် ဒီနားမှာ ကိစ္စလေး တစ်ခုရှိနေတာနဲ့။ ဖြေရှင်းရမှာ
လည်း ပြီးသွားပြီ ဆိုတော့
ရှကျိယန် နဲ့ မင်္ဂလာဆောင်ကို လိုက်လာလိုက်တာ။ မင်းနဲ့ရှောင်လင်ကရော?”

ထန်းရှောင်က စိတ်ပိုင်းဖြတ်ထား
သလို တည်ကြည်နေတဲ့ မျက်နှာ
အမူအရာနဲ့
“ကျွန်မ ရှောင်လင်နဲ့ ခိုးရာလိုက်
​ပြေးလာတာ။ ကျေးဇူးပြုပြီး အဖွဲ့မှူးနင်ကို မပြောလိုက်ပါနဲ့နော်”

မူချောင်: “….”

ရှောင်လင်: “….”

သူမတို့နှစ်ယောက် အခန်းထဲ ဝင်လိုက်တဲ့ အချိန် မှာတော့ ရှောင်လင်က ချက်ချင်းဆိုသလို သန့်စင်ခန်းထဲ ပြေးဝင်သွားပြီး ဘိုထိုင်အိမ်သာခုံကို လက်မလွှတ်
စတမ်း ဖက်တွယ်ထားတော့တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now