သရုပ်ဆောင်နှင့် ရုပ်ရှင်အဖွဲ့သားများအားလုံး ဤအချင်းအရာက ချင်းချုံဟိုင်၏ ကျူးမိုလီအပေါ် သတိပေးခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထိုနည်းတူ ဆရာလုနှင့် နဉ်ရှီတို့ကိုလည်း သတိပေးလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် ဤမျှလွယ်လွယ်ကူကူ ပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ။

“ဘာကြောင့်လဲ..? အဲ့မိန်းမက ငါ့ကိုအရင်ရန်စတာ အသိသာကြီးလေ..! ဘာလို့ ငါရဲ့ရိုက်ကွက်တွေ ဖြတ်ထုတ်ခံလိုက်ရတာလဲ..?”

ကျူးမိုလီတစ်ယောက် အခန်းထဲတွင် ပစ္စည်းများပစ်ပေါက်ရင်း ဒေါသထွက်နေတော့၏။ သူမရဲ့ Agent က အနားမှာရပ်နေပြီး စိတ်ဆိုးမာန်ဆိုး ပေါက်ကွဲနေသော ကျူးမိုလီကို ခဏလွှတ်ထားလိုက်သည်။ ပြီးမှ ပြောလိုက်သည်။

“အဲ့ဗီဒီယို မပေါက်ကြားသွားပါစေနဲ့လို့ ဆုတောင်းနေတော့.. အဲ့လိုသာဖြစ်လာရင် ကုမ္ပဏီက အပြစ်ပေးမယ့်အချိန်ကိုပဲ ထိုင်စောင့်နေရလိမ့်မယ်..”

“ရှင်တောင် အဲ့လိုစကားမျိုး ပြောနေပြီလား..?!” ကျူးမိုလီက သူမရဲ့ Agent ကို မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

Agent က ကူကယ်ရာမဲ့နေသလို..

“မိုလီ.. ကိုယ့်သေတွင်းကိုယ်တူးမနေနဲ့တော့.. နောက်တစ်ခါဆို ငါလည်းမင်းကို မကာကွယ်နိုင်တော့ဘူး..”

ကျူးမိုလီက မည်သူမှားကြောင်း ပြန်လည်ငြင်းဆိုရန် ပါးစပ်ဖွင့်လိုက်သည်။ သို့သော် ဘာမှပြန်မပြောနိုင်ခဲ့ချေ။ ထို့နောက် တံခါးဖွင့်ကာ အပြင်ထွက်သွား၏။ ဘယ်နှစ်လှမ်းမှ မလှမ်းရသေးခင်မှာပင် နဉ်ရှီနှင့် မျက်နှာချင်းဆိုင်မိပြန်သည်။ ရန်သူနှစ်ယောက် ဆုံတွေ့လျှင် ကျန်းသေပေါက် အဘိဇ္ဈာပွားရသည်ပင်။ ကျူးမိုလီမှာ နဉ်ရှီကို ခါးခါးတူးတူး မုန်းတီးနေသောကြောင့် ရန်တွေ့ရန်ပြင်လိုက်၏။ သို့သော် အခန်းတစ်ခုထဲမှ ရိုက်ကူးရေးအဖွဲ့သားတစ်ယောက် ရုတ်တရက် ထွက်လာတာကြောင့် သူမ,ပြောလိုသော စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။

ရိုက်ကူးရေးအဖွဲ့သားကလည်း ရိုက်ကွင်းမှာ ကျုးမိုလီက နဉ်ရှီကိုအနိုင်ကျင့်ခဲ့ကြောင်း သိထားသည်။ ထို့ကြောင့် ဓာတ်လှေကားထဲ ဝင်သွားသည့်တိုင်း ကျူးမိုလီ၏မျက်ဝန်းထဲကို စိုက်ကြည့်သွားခဲ့သေးသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now