အထူးသဖြင့် ကျိုးကျန်းချွမ်၏ဖန်‌တွေက စိတ်လှုပ်ရှားလွန်းလို့ ရုပ်ရှင်မစသေးပေမယ့် သူတို့ကတီဗွီရှေ့ရောက်နေ‌နှင့်ပြီ။

ကျိုးကျန်းချွမ်၏တိုက်ခန်းတွင် နာမည်ကြီးအများအပြားက ရုပ်ရှင် rating ကြောင့် ကျိုးကျန်းချွမ်ဆီ အချိန်ပေးပြီးလာလည်ကြသည်။ တကယ်တမ်း တစ်ယောက်ကတော့ မုန့်အလကားလာစားချင်ရုံသက်သက်ပင်။ ကျန်းချွမ်က တံခါးအပြင်က တပျော်တပါး တံခါးခေါက်နေတဲ့လူတွေကို ရုပ်သေကြီးနဲ့ ကြည့်နေမိသည်။ သူ,မမေးဘဲမနေနိုင်တော့ဘူး။ “မင်းတို့တွေ ငါ့အ‌ကြောင်းကို တကယ်ပဲ ဂရုစိုက်နေကြတာလား?”

“အစ်ကိုကျိုး ဘာလို့အားလူးကြော်ကို ဒီတံဆိပ်ဝယ်ခဲ့တာလဲ? ဒီဟာကိုစားရင် ပိုဝလာမယ်လို့ ကျွန်တော်ကြားဖူးတယ်!” အနုပညာ‌လောကမှ ရွှေတံဆိပ်ဆုရ ဇာတ်ပို့သရုပ်ဆောင် ရှီဖန်းက ပြောလေ၏။  ရှီဖန်းက သူ၏အချိန်ကိုက်အရွှန်းဖောက်တတ်ခြင်းအတွက် နာမည်ကြီးကာ သူ့အားလူရွှင်တော်ကောင်းတစ်ယောက် ဖြစ်စေသည်။

သူသရုပ်ဆောင်သည့်စတိုင်နှင့် စိတ်နေသဘောထားက ကွဲပြား၏။ သူက ကျိုးကျန်းချွမ်၏အတန်းဖော်ဖြစ်၍ တော်တော်တော့ ကျော်ကြားပေသည်။ သူကကျန်းချွမ်၏သူငယ်ချင်းကောင်း ဖြစ်နေဆဲပင်။

“တခြားအာလူး‌ကြော်တံဆိပ်တွေက အစ်ကို့ကိုဝိုင်းဝိုင်းလုံးလုံး ဖြစ်သွားအောင် မလုပ်တဲ့အတိုင်း အစ်ကိုကပြောနေတာပဲ” နဉ်ရှီ စပ်ဖြီးဖြီးလုပ်ကာ သူ၏ဗိုက်ကိုကြည့်လိုက်သည်။ “တစ်ချိန်တည်းမှာ လူသုံးယောက်စာစားတဲ့ လူတစ်ယောက်က ဝိတ်လျှော့တယ်ဆိုတဲ့ ခက်ခဲတဲ့တာဝန်အကြောင်းကို မတွေးဘူးလေ”

“မင်းတို့လို ပိန်တဲ့လူတွေက ငါတို့လိုဝတဲ့သူတွေရဲ့ဝမ်းနည်းခြင်းကို ဘယ်နားလည်နိုင်မလဲ?” ရှီဖန်းက စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ရှီလေး, မင်းလည်းကျန်းချွမ်နောက်လိုက်ပြီး မကောင်းတဲ့အရာတွေ သင်ယူနေတာပဲ...မင်းကုမ္ပဏီကစဝင်တုန်းက ယဉ်ယဉ်ကျေးကျေး၊သိမ်သိမ်မွေ့မွေ့လေးပါ...ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လျှာစောင်းထက်သွားရတာလဲ?”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now