“ကျေးဇူးတင်ပါတယ် Mr.ချန်း.. ကျွန်မအိမ်က ရှေ့နားလေးတင်.. အိတ်တွေကူသယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”

သူ့လက်ထဲမှ အိတ်နှစ်လုံးကို နဉ်ရှီ လှမ်းယူလိုက်ရင်း ရယ်ပြလိုက်သည်။ ပြီးနောက် လှည့်ထွက်သွားတော့သည်။

“ခနလေး..!” ချန်းရှီကွေ့က သူမနောက် ပြေးလိုက်လာပြီး ဦးထုပ်ကမ်းပေးခဲ့သည်။ “မင်းဦးထုပ်ကျန်ခဲ့ပြီ..”

“ကျေးဇူး..” နဉ်ရှီ ဦးထုပ်ကို လှမ်းယူလိုက်ပြီး နောက်တစ်ကြိမ် လှည့်ထွက်သွားပြန်၏။

ချန်းရှီကွေ့က ထိုနေရာမှာသာ ရပ်တန့်နေပြီး တဖြည်းဖြည်းဝေးကွာသွားသော ကျောပြင်လေးကို အစက်အပျောက်လေး ဖြစ်သွားသည်အထိ ငေးကြည့်နေခဲ့လေသည်။ ပြီးနောက် အကြည့်လွှဲလိုက်သည်။ သူ့ရဲ့ပုခုံးပေါ်တွင် သူကိုယ်တိုင်တောင် သတိမထားမိဘဲ နှင်းပွင့်များ ပုံနေခဲ့လေသည်။

ကားပေါ်ပြန်ရောက်သည်နှင့် အနောက်မှာထိုင်နေသော အမျိုးသမီးကြီးက ခပ်ပြုံးပြုံး မေးလာသည်။

“အဲ့ကောင်မလေးက သားသူငယ်ချင်းလား..?”

ချန်းရှီကွေ့က ခါးပတ်ပတ်ရင်း ခေါင်းယမ်းပြလိုက်သည်။ သူ လက်ရှိအခြေအနေကို မရှင်းပြလိုပေ။

သူ့ရဲ့မြုံစိစိအမူအရာကြောင့် အမျိုးသမီးကြီးလည်း ပြုံးရုံသာပြုံးနေလိုက်ပြီး ဆက်မမေးတော့ချေ။

ချန်းရှီကွေ့က သူ့ရဲ့မိခင်ကို တစ်ချက်ကြည့်လိုက်ရင်း..

“ဟိုတစ်နေ့က ကျွန်တော် အော်ဒါမှာပေးထားတဲ့လည်ဆွဲကို သဘောကျရဲ့လား..?”

“ဒါပေါ့ ကြိုက်တာပေါ့.. သားလိမ္မာလေးကြောင့် အမေ့ကို လူတိုင်းမနာလိုနေကြရောပဲ.. မနေ့က သူငယ်ချင်းတွေနဲ့ ဖဲကစားသေးတယ်.. ပိုင်ကတော်က သားကို အရမ်းချီးမွမ်းနေတာလေ.. ဘာတဲ့ သူ့ရဲ့သားလေးဖြစ်ရင် သိပ်ကောင်းမှာပဲတဲ့..” ချန်းရှီကွေ့၏မိခင်က အောင်နိုင်သူလို အပြုံးပန်းဆင်ရင်း.. “သားဖြစ်သူက သူတို့မျှော်မှန်းထားသလို ဖြစ်မလာဘူးလေ.. အဲ့မိသားစုက သမီးမိန်းကလေးထက် သားဆိုမှသား.. မိန်းမတစ်ယောက်ကို စီမံခန့်ခွဲခွင့် ပေးရမှာထက် သူ့ရဲ့သားကြောင့် ကုမ္ပဏီပျက်စီးသွားဖို့ကို ပိုလိုလားနေကြတယ်.. အမေ့အထင်တော့ အဲ့မိသားစုက တကယ့်ကို…..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Donde viven las historias. Descúbrelo ahora