အခန်း ၄၄

Start from the beginning
                                    

စီဝမ်ကွေးက ပြော၏။ "တံတားကို ဖြတ်ပြီးတာနဲ့ မင်းတို့ အဲကို ရောက်ပြီ"

ကျန်းလော့က မေးလိုက်သည်။ "ဘယ်ကိုလဲ"

စီဝမ်ကွေး၏ မျက်နှာက ဗလာဖြစ်သွားပြီး။ "ငါ မသိဘူး"

ကျန်းလော့က မအံ့ဩသွားဘဲ ပခုံးတွန့်လိုက်သည်။ "သွားကြစို့"

စီဝမ်ကွေးက လမ်းကို ဦးဆောင်သွားပြီး သူတို့ တံတားအလယ်သို့ ရောက်သည်တွင် အနီရောင်ဝတ်ရုံဝတ် မြေခွေးမျက်နှာဖုံးနှင့်လူက တစ်ဖက်မှ ဖြတ်လာသည်။

အစိမ်းရောင်မြေခွေးမျက်နှာဖုံးသည် နှာတံရှည်လျားပြီး 'ပန်း'ဟူသော စာလုံးကို ဘေးနားတွင် ပန်းထိုးထား၏။ ထိုအမျိုးသားက တံတားပေါ်တွင် လျှောက်လာရင်း ခက်ထန်စွာ ပြောလာသည်။ "ထန်ပိ မင်းက သခင်ကို သစ္စာဖောက်ဖို့ အစီအစဉ် ချနေတာလား"

ကျန်းလော့နှင့် လုယုံရိသည် စီဝမ်ကွေးဘက်သို့ ချက်ချင်း ကြည့်လိုက်မိရာ အမူအရာ ကင်းမဲ့နေသော စီဝမ်ကွေးက သူတို့အား စိတ်ရှုပ်ထွေးစွာ ပြန်မေးလာ၏။ "မင်းတို့ ဘာလို့ ငါ့ကို ကြည့်နေတာလဲ"

လုယုံရိက ပြန်ပြောသည်။ "ကြည့်ရတာ သူက မင်းကို ပြောနေတဲ့ပုံပဲ"

ဒီတော့ စီဝမ်ကွေးရဲ့နာမည်က ထန်ပိလား။ ထူးဆန်းတဲ့ နာမည်ပဲ။

သို့သော် စီဝမ်ကွေးမှာ သူ့မှတ်ဉာဏ်များကို ပြန်မရသေးဘူးဆိုတော့ သူတို့အတွက် အန္တရာရယ်ရှိနိုင်မလား။

စီဝမ်ကွေးက ပြောလိုက်သည်။ "သူ့နာမည်က ထန်ပိ၊ ငါ့နာမည်က စီဝမ်ကွေးလေ"

အနီရောင်အမျိုးသားက နှာခေါင်းရှုံ့လိုက်ပြီး။ "ဒီတော့ မင်းက မင်းနာမည်တောင်မှ မေ့သွားပြီပေါ့ သနားဖို့ကောင်းလိုက်တာ လူသားတွေ လက်ထဲမှာ ကင်းထောက်ခွေး ဖြစ်နေတာ မဆန်းတော့ဘူး"

ကျန်းလော့က ပျင်းရိစွာ ကြားဖြတ်ပြောလိုက်၏။ "အိုး.. မင်းက ခွေးတစ်ကောင်နဲ့ နှိုင်းယှဉ်လို့ မရရုံနဲ့ ခွေးကိုတောင် မနာလိုနေတာလား"

အနီရောင်အမျိုးသား၏ အပြုံးက တန့်ခနဲ ဖြစ်သွားပြီး။ "သေချင်နေတယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now