“ဟယ်လို..”

ချန်းရှီကွေ့က ကျန်းချင်းယွင်ကို စိတ်ရှုပ်ထွေးစွာ စူးစိုက်ကြည့်ရင်း မျက်နှာလွှဲလိုက်သည်။

နဉ်ရှီက သူမရဲ့မျက်နှာလေးကို ခြုံထည်ပဝါဖြင့် ဖုံးကွယ်ထားခဲ့သည်။ သူ့ရဲ့မျက်ဝန်းများ သူမ,အပေါ် ကျရောက်လာသောအခါ.. ကားပါကင်၏ လိမ္မော်ရောင်အလင်းအောက် သူ့ရဲ့မျက်နှာအမူအရာသည် ပုံမှန်အချိန်များထက် နူးညံ့နေခဲ့လေ၏။ သူက နှစ်ယောက်လုံးကို ခေါင်းညိတ်ပြလိုက်ရင်း..

“ကောင်းသောညပါ..”

နဉ်ရှီလည်း ခြုံထည်ပဝါကို ဆွဲချလိုက်ပြီး ကျန်းချင်းယွင်နောက်မှ ခေါင်းလေး ထွက်လာခဲ့သည်။ ပြီးနောက် အသာပြုံးလိုက်ရင်း..

“ကောင်းသောညပါ..”

ကျန်းချင်းယွင်က အနေရခက်စွာ ရယ်မောလိုက်သည်။ ပြီးနောက် နဉ်ရှီကို တံခါးပိတ်ပေးလိုက်ကာ ချန်းရှီကွေ့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်၏။ ပြီးနောက် ဂီယာနှိုးကာ ဟိုတယ်မှ ထွက်လာလိုက်တော့သည်။

အချိန်အတော်ကြာမှ ကျန်းချင်းယွင်က သက်ပြင်းချလိုက်ကာ..

“မင်းပြောကြည့်.. မစ္စတာချန်းက မင်းကို အဲ့လို ထင်သွား…”

“သူက ကျွန်မရဲ့ရည်းစားမှမဟုတ်တာ.. သူဘယ်လိုထင်ထင် ဘာအရေးလဲ..?” နဉ်ရှီက တွေးဆနေဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်ရင်း.. “အဲ့လူတွေနဲ့ပက်သက်ပြီး အတင်းမပြောသင့်ဘူး..”

“တောင်းပန်ပါတယ်..” ကျန်းချင်းယွင်က တည်ကြည်စွာ တောင်းပန်လာခဲ့သည်။ “ဒီလိုမျိုးတွေ ထပ်မစနောက်တော့ဘူး..”

အေးဂျင့်တစ်ယောက်အနေဖြင့် မီဒီယာတွေ ဘယ်လောက်စွမ်းအားကြီးကြောင်း၊ ဘယ်လိုစကားလှည့်တတ်ကြောင်း သူသိသည်။ ဒီလိုကိစ္စမျိုးကို လက်လွတ်စပယ် ဟာသမလုပ်သင့်ပေ။ ယနေ့ဖြစ်ရပ်က သူ့အား သတိပေးနေခဲ့သည်။

ကျန်းချင်းယွင်က အတည်အတန့်ကြီး တောင်းပန်လာလိမ့်မယ်လို့ နဉ်ရှီ မထင်မှတ်ထားခဲ့ချေ။ တစ်စက္ကန့်မျှ တောင့်ခဲသွားရပြီး ရယ်မောလိုက်၏။

“ရပါတယ်.. ဘာပဲပြောပြော ကျွန်မလည်း အဲ့လောက်နာမည်မကြီးသေးဘူးဆိုတော့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now