အပိုင်း(၆)U

592 20 0
                                    

"ဒါက ဘယ်လိုဖြစ်နေကြတာလဲ"

"တောက်!!!!!"

"အယ် ဆရာမ!!!!!"

သွားပြီ ဟိုဘက်အခန်းက ပစ်လိုက်တာ ဆရာမခေါင်းကိုထိသွားပြီ ပြသာနာတော့တက်ပါပြီ

"အားလုံး အတန်းထဲဝင်ထိုင်ကြမယ်!!!"

ဆရာမရဲ့ ဒေါသံတကြီးအော်သံအဆုံး ကျောင်းသား အားလုံးနေရာမှန်ယူကြလျက်သား

အဆုတို့ရဲ့ အတန်းပိုင်ဆရာမကဒေါသထွက်ရင်ကြောက်ဖို့အကောင်းဆုံးပဲမလား

"ကဲ ပြော ဒါ ဘာလုပ်နေကြတာလဲ"

"........"

"ဖြန်းးးးး ဖြေလေ ဘာလို့ အခုမှတိတ်နေကြတာလဲ"

"........"

ဆရာမရဲ့ ကြိမ်လုံးသံနဲ့ဒေါသသံကြောင့် အားလုံးကြောက်ရွံ့ကာ ‌ငြိမ်နေကြလျက်

ဒီလောက်ကြောက်နေတာကို ဘယ်သူကဖြေရဲမှာလဲလို့

"ချမ်းမြတ်ဝေ!! ပြော အတန်းထဲဘာဖြစ်နေကြတာလဲ"

"ဟို....ဟိုဘက်အခန်းက ချမ်းတို့အခန်းကို ဇီးစေ့နဲ့ပစ်လိုက်လို့  ချမ်းတို့အခန်းကလည်း ပြန်ပစ်လိုက်ကြတာပါ အဲတာ ဟိုဖက်ကပစ် ဒီဘက်ကပစ်နဲ့ရှုပ်ကုန်တာပါဆရာမ"

"ဇီးစေ့နဲ့ပစ်လိုက်တယ်ဟုတ်လား သူတို့က ပစ်ရအောင် နင်တို့အခန်းက အရင် ဘာသွားစကြလို့လဲ"

အဆု ချမ်းကိုကြည့်လိုက်တော့ ဆရာမကမျက်မှောင်ကြုတ်ပြီးမေးနေတာကြောင့် ချမ်းလည်းကြောက်ပြီးဖြေရခက်နေပုံပင်

"အဲတာက..... ချမ်းလည်း မသိတော့ပါဘူး"

"ကဲ ပြော ဘယ်သူသိကြလဲ"

"......."

"တစ်ယောက်မှမသိကြဘူးပေါ့ အကုန်တန်းစီပြီ းထွက်ခဲ့ကြ ပြီးတော့အကုန် ထမီစတွေလုံချည်စတွေ မထားကြ"

"ဟင်!!!!ရိုက်မလို့လား"

"အေး ရိုက်မလို့ "

အဆုလန့်ပြီး ပါးစပ်က အော်ပြောမိသွားတာမို့ အမြန်ဘရိတ်အုပ်လိုက်ပေမယ့် မမှီတော့

" သိသိမသိသိ အပြစ်ကအပြစ်ပဲ အခုလိုမျိုး လုပ်ကြစရာလားဟမ် နင်တို့အခု ဘယ်နှစ်တန်းရောက်နေကြပြီလဲ ၈တန်းနော် ဒီကျောင်းရဲ့ အကြီးဆုံးအတန်း ဒီအရွယ်ဆို ဘယ်ဟာကလုပ်သင့်တယ် ဘယ်ဟာကမလုပ်သင့်ဘူးလဲ ဆိုတာကိုသိကြရမယ်မဟုတ်ဘူးလား အကုန်ရှေ့တိုးလာခဲ့ သုံးချက်စီရိုက်မယ်"

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now