အပိုင်း(၁၀)U

647 18 0
                                    

"အို...အို... ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ ဟီး"

"အူဝဲ....အူဝဲ......အူဝဲ..."

"အို.....ငိုနေတာတောင် ချစ်ဖို့ကောင်းလိုက်တာ ပါးဖောင်းဖောင်းလေးနဲ့ ကိုက်တောင်ကိုက်ပစ်ချင်လာပြီ"

အဆုတို့လေးယောက်စလုံး အခုကဆေးရုံကိုရောက်နေကြခြင်းပင် ဘာလို့ဆို အဆုတို့ရဲ့ ပထဝီဆရာမက ဒီနေ့ကလေးမွေး‌တာကြောင့်ပင်။ ညထဲက မွေးတာတဲ့ အဆုတို့ကျောင်းရောက်ပြီးမှ သိတာမို့လို့ ညနေ‌ရောက်အောင် အတော်ပင်စောင့်လိုက်ရ၏။ ကလေးလေးကို ကြည့်ချင်လွန်းလို့လေ  ကလေးက တကယ်ကိုက်ချင်စရာကောင်းအောင် လုံးလုံးကစ်ကစ်နဲ့ ချစ်ဖို့ကောင်းနေတာပင်

"ဆုမြတ်မ ဆရာမ ရှိနေတာတောင်မှနော်...ကလေးကို ကိုက်မယ်လုပ်နေတယ် ဆရာမ သူ့လက်ထဲကလေးကိုမအပ်နဲ့နော် သူကယုံလို့ရတာမဟုတ်ဘူး"

"အောင်မာ ငါကညင်ညင်သာသာနဲ့ ကလေးချစ်တတ်ပါတယ်နော် ချမ်းစုတ်မ ဟွန်း"

ထို့နောက်မှ ကုတင်ပေါ်တွင် ဖျော့တော့စွာ လဲလျောင်းနေသည့် ဆရာမနဲ့ ဆရာမရဲ့ယောင်္ကျားကိုကြည့်ကာ သွားအဖြီးသားနဲ့ ရီပြလိုက်လေ၏။

ဆရာမက ပြုံးလျက်ဖြင့်

"ရပါတယ်ကွယ် သားလေးကိုချစ်ဖို့ကောင်းတယ်ပြောလို့ပဲ ဆရာမက ဝမ်းသာနေပါပြီ"

"ဟီး သားသားလေးက တကယ်ချစ်စရာကောင်းတာ ဆရာမရဲ့ ချမ်း ကြည့်ဦး သားသားလေးက ဆရာမနဲ့တူတာလား ဒါမှမဟုတ် ဆရာနဲ့တူတာလား "

"အာ အဲဒါငါလည်း ကြည့်မတတ်ဘူး မင်းခန့်နဲ့ တိုးဇော်ကိုမေးကြည့်"

ချမ်းပြောတော့မှ ဒီနှစ်ကောင်ကို သတိရတယ် ဆေးရုံကို လိုက်လာပြီး ဘာမှမပြောပဲ အဆုတို့နောက် ကျောက်ရုပ်ကြီးလို ရပ်နေကြတာ

"နင်တို့က ကျောက်ရုပ်တွေလားဟယ် ဒီမှာကြည့်ဦး သားလေးကို ဘယ်သူနဲ့တူလဲလို့"

ပုခက်ထဲတွင် ငြိမ်နေသည့် ကလေးလေးကို ပြရင်း မေးလိုက်တော့

"အင်း ငါတော့ နှစ်ယောက်လုံးနဲ့ထင်တာပဲ"

"ဟုတ်လား....မင်းခန့် နင်ရော ဘယ်သူနဲ့တူတယ်လို့ထင်လဲ"

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now