အပိုင်း(၈)Z

74 3 0
                                    

"မင်းခန့် နင်စာမကျက်ဘဲ ငါ့မျက်နှာကြည့်နေလို့ စာရမလား စာကျက်လေ စာမေးပွဲ‌ဖြေရတော့မှာကို"

"စာကအိမ်မှာ အေးဆေးကျက်လို့ရပါတယ် အခုက နင့်မျက်နှာအဝကြည့်ဦးမှာ"

"မင်း..ခန့်!"

ဘေးမှာချမ်းတို့ရှိနေတာကို ပြောလေကဲလေလုပ်နေသော‌မင်းခန့်ကြောင့် နာမည်ကိုသာ ခပ်ကြိတ်ကြိတ်ခေါ်လိုက်ရ၏။ 

သူကတော့ ဘယ်လိုပဲပြောပြော စာကျက်မည့်ပုံ‌မပေါ် အဆုလည်း မနိုင်တော့ပြီမို့ လွတ်ထားလိုက်ရသည်။

ချမ်းနဲ့ တိုးဇော်က အဆုတို့အကြောင်းသိသူပီပီ ပြုံးစိစိလုပ်နေကြပေမယ့် ရတုကတော့ ကွဲလွဲစွာ မျက်မှောင်ကျုတ်နေလေ၏။

အဆုတို့ ဟိုတစ်ခါ မီးဖြတ်လိုက်တည်းက ညကျောင်းမှာ စာကျက်ရင် ဖယောင်းတိုင်တွေနဲ့ နှစ်ပါးသွားနေကြရတာဖြစ်သည်။

ဆရာ‌မကတော့ ပြောပါတယ် နင်တို့စာလည်းကျက်ကြတာ မဟုတ်ဘူး မီတာခလည်းကုန်တယ် ဖယောင်းတိုင်လည်းကုန်တယ်ဆိုပြီး ဒီတစ်ပါတ်စာမေးပွဲဖြေပြီးရင် မလာနဲ့တော့တဲ့လေ

အချိန်ခဏလေးအတွင်းမှာလည်း အဆုတို့‌အကြောင်းကို အတန်းထဲကလူတွေ တော်တော်များများ သိကုန်ကြသည်လေ။

အဲတုန်းကဆို အဆုမှာ မျက်နှာပူပြီး ရှက်မိနေပေမယ့် မင်းခန့်ကတာ့ ကျေနပ်နေလေရဲ့

အတန်းထဲက ကောင်တွေကလဲ စလိုက်တာမှ တစ်ချိန်လုံးပါပဲ

မင်းခန့်ပဲ စာမကျက်ဘဲ အေးဆေးနေ‌နိုင်ပေမဲ့ အဆုကတော့ မကျက်ဘဲမရပါ တော်ကြာ ရည်းစားထားလို့ အဆင့်ကျသွားတယ်လို့ ပြောရင် အဆုခံနိုင်မည်မဟုတ်ပေ။

"ကဲ ပြန်လို့ရပြီ ပျင်းရိနေလိုက်ကြတာ နှစ်နာရီထဲစာကျက်ခိုင်းတာကို စာမေးပွဲ ရလာဒ်ထွက်လို့ အမှတ်နည်းကြရင် အကုန်လုံးအတွေ့ပဲ......

အပြင်မှာ မိုးရွာပြီး မှောင်နေတာဆိုတော့ သေချာပြန်ကြနော် ဘယ်မှ လျှောက်မဝင်ကြနဲ့တော့"

"ဟုတ်ကဲ့ပါဆရာမ"

ဒီလိုနဲ့ အသီးသီးပြန်နေကြပြီမို့ အဆုတို့လည်း ပြန်ဖို့ထရသည်

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now