အပိုင်း(၁)U

3.1K 45 0
                                    

ဒီနေ့ အဆုတို့တက္ကသိုလ်ဒုတိယနှစ်ပြီးလို့ကျောင်းပိတ်ပြီမို့ ရွာပြန်တဲ့နေ့ မေမေနဲ့ဖေဖေကတော့ အဆုကို လာကြိုမှာ

အဆုက အိမ်နဲ့နီးနီးလေးမို့ မလာလည်းရတယ်လို့ပြောတာကို

"မီးမီးတစ်ယောက်ထဲပြန်လာတာကိုတောင်စိတ်မချပါဘူး မေမေတို့ကိုယ်တိုင် လာခေါ်ချင်တာတဲ့"လေ
အဆုကပင်ပန်းတယ် မလာနဲ့ပြောထားလို့သာ မလာတာ

အဆု မေမေတို့အကြောင်းတွေးနေတုန်း နောက်က အန်တီကြီးတွေရဲ့ စကားကြားလိုက်ရတော့ တစ်စုံတစ်ခုကိုတွေးမိပြီး စိတ်ကအလိုလိုမှိုင်းသွားပြန်တယ်

"ရွာရောက်တော့မယ်တဲ့" အဆု နံဘေးကကားမှန်တံခါးကိုဖွင့်လိုက်ပြီး ဖြတ်သွားတဲ့ ရှုခင်းတွေကိုကြည့်ကာ လေပြေလေးတွေ ခံယူမိတယ်။

ဒီခံစားချက်တွေကဘယ်တော့မှ အဆုရင်ထဲက ပျောက်ကွယ်မသွားခဲ့ဘူး ဘာလို့ဆို အဆုကိုယ်တိုင်ကလဲ ဒီခံစားချက်တွေထဲက မရုန်းထွက်ခဲ့ဘဲလေ...

"(...........ရွာ) မှကြိုဆိုပါ၏။ "

ဆိုင်းဘုတ်က ရွာနာမည်ကိုတိုးတိုးသာရွတ်လိုက်မိသည်။ ရွာကိုတောင်တစ်ခေါက်ရောက်ခဲ့ပြန်ပြီပဲ။

"ဟူး အဆင်ပြေမှာပါ အမြဲတမ်းလဲ ဒီအတိုင်းပဲကို "

ကိုယ်ဘာကိုယ်အားပေးပြီး တစ်ချက်ပြုံးကာ ပါလာတဲ့ အထုပ်တွေကို သယ်ပြီး ကားပေါ်မှဆင်းလာလိုက်သည်။

"မီးမီး!!"

မေ့သံကြားလိုက်တာမလို့ လူတွေကြားထဲ မျက်လုံးတစ်ချက်ဝေ့ရှာလိုက်တော့ တွေ့ပါပြီ လူလွတ်တဲ့နေရာမှာ ရပ်စောင့်နေကြတဲ့ မေမေနဲ့ဖေဖေကို

စောင့်နေတဲ့ နေရာကိုအမြန်ပြေးပြီး မေရင်ခွင်ထဲဝင်ကာ အတင်းဖက်ထားလိုက်တယ်။ သေချာတာက အဆုချွဲဖို့လည်းမမေ့ခဲ့ပါ

"ဟီး မီးမီးကလွမ်းနေတာ "

"အပိုတွေ "

"မေကလည််း တကယ်ပြောတာကို"

"ဆိုတော့ ဖေဖေကိုတော့ မလွမ်းဘူးပေါ့ "

"အာ ဖေ့ကိုလည်းလွမ်းတာပေါ့ မီးမီးမှာလွမ်းစရာဆိုလို့မေနဲ့ဖေပဲရှိတာကို"

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Où les histoires vivent. Découvrez maintenant