အပိုင်း(၄)Z

76 6 0
                                    

အဆုတို့ ကျူရှင်ရောက်တော့ ၄နာရီ၄၅မိနစ်ဖြစ်နေပြီပင် စာသင်ချိန်စတာက ၄နာရီခွဲ မလို့
နောက်ကျနေပြီဖြစ်တာကြောင့် ဆရာမကိုအရင်ဝင်ခွင့်တောင်းရသည်။

ဆရာမခွင့်ပြုလိုက်တာနဲ့အမြန်ပင် ဆရာမရှေ့မှ ခေါင်းငုံ့ကာဝင်၍ ချမ်းဘေးဝင်ထိုင်လိုက်သည်။

မင်းခန့်ကိုက အဆုတို့အနောက်က တိုးဇော်ဘေးနားဝင်ထိုင်နေလေသည်။

"ဟဲ့ ဆုမြတ် နင်တို့နှစ်ယောက်ဘယ်လိုလုပ်အတူတူရောက်လာတာလဲ"

ဝင်လာထဲက အဆုတို့နှစ်ယောက်ကိုလိုက်ကြည့်နေသည့် ချမ်းကအသံတိုးတိုးနဲ့စပြီး မေးခွန်းမေးတော့သည်။

"အာ အဲဒါလား စာသင်ပြီးမှ အေးဆေးပြောပြမယ်"

"အေး ပြီးတာပဲ"

အဆုကနောက်မှပြောပြမယ်ဆိုတာတောင် ချမ်းကကျေနပ်ပုံမရ မျက်စောင်းတထိုးထိုးနဲ့လေ အဆုလည်း မျက်နှာတစ်ချက်ရှုံ့ကာ စာအုပ်ထုတ်ပြီး စာလိုက်ကူးနေလိုက်သည်။

အဆုတို့ကျူရှင်မှာကသင်္ချာနဲ့အင်္ဂလိပ်ကတစ်ရက်စီခွဲသင်တာ ဒီနေ့သင်္ချာသင်ရင်နောက်ရက်ဆိုရင် အင်္ဂလိပ်

သင်ပြီးသွားရင် ကျောင်းကပေးလိုက်တဲ့ ကျက်စာတွေကို တစ်နေ့စာတစ်နေ့  အကုန်ကျက်ပြီးမှပြန်ရတာ

တစ်ခါတစ်လေဆိုရင်လည်း ခိုးကြည့်ပြီး ပြန်လိုက်ကြတာ အဲလိုလုပ်ပြီး နောက်နေ့ဆိုရင် ကျောင်းမှာအရိုက်ခံထိတဲ့နေ့ပဲ

ဒီနေ့ကတော့ အင်္ဂလိပ်သင်တဲ့နေ့ဖြစ်သည် စာသင်ပြီးသွားရင် စာကျက် စာပြန် ပြီးသွားရင်ကျူရှင်ကပြန်ကြ၏။

နေ့တိုင်းအဲလိုပဲ ဒါမဲ့ နေ့တိုင်းအဲလိုငြိမ်နေရင် အဆုတို့ဘယ်ဟုတ်ပါ့မလဲ စာကျက်နေကြတဲ့ချိန်ဆိုရင် အိမ်သာသွားမယ်ပြောပြီး ကျူရှင်ဘေးက အပျိုကြီးတို့ဆိုင်မှာ လက်ဖက်သုတ်တွေခိုးဝယ်စားကြတာ

ပြီးတော့ ဆရာမက ကျောင်းမှာအစည်းအဝေးရှိပြီဟေ့ဆိုတာနဲ့ မျောက်ရှုံးအောင်ဆော့ကြတာပဲ ဆော့လို့မောသွားရင် ဆရာမအိမ်မှာရှိတဲ့ မန်ကျည်းရွက်တို့ သရက်သီးတို့ကောက်ပြီးရှိတာနဲ့သုပ်စားကြတာ အများနဲ့ဆိုတော့ ပျော်ဖို့ကောင်းတာပေါ့ ဆရာမအိမ်ကလည်း အဆုတို့အတန်းပိုင်ဆရာမရဲ့အိမ်ပဲမလို့ ဘာမှမဖြစ်ဘူး စားလို့ရတယ်တဲ့လေ

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Место, где живут истории. Откройте их для себя