အပိုင်း(၁၃)ဇာတ်သိမ်းပိုင်းU

2K 25 0
                                    

အသုပ်ဆိုင်တစ်ဆိုင်ရဲ့စားပွဲဝိုင်းတွင်မျက်နှာချင်းဆိုင် ထိုင်ကာ အဆုနဲ့မင်းခန့်ရဲ့ မျက်နှာကို တရာခံကြည့်သလို မလွတ်တမ်း အသေးစိတ်ကြည့်နေသည့် ချမ်းကြောင့် အဆု မျက်နှာပင်ပူလာ၏။

"ချမ်း နင် ငါ့မျက်နှာဘယ်အချိန်ထိ အဲလိုကြည့်နေမှာလဲ"

"ငါ့မေးဦးမယ် နင်အမှန်တိုင်းဖြေနော်"

ချမ်း ဘာမေးမလဲ ဆိုတာကို သိတာမို့ အဆုခေါင်းသာငြိမ့်ပြလိုက်လေ၏။

"မေး"

"နင်နဲ့ မင်းခန့် ပြန်အဆင်ပြေသွားပြီလား"

အဆု အရင်ထဲက သူတို့နှစ်ယောက်ကိုပြောပြဖို့အစီအစဥ်ရှိပြီးသားပဲမို့လို့

"အင်း ဟုတ်တယ်"

"ဘယ်တုန်းက အဆင်ပြေသွားကြတာလဲ မနေ့က အထိဘုရားမှာ နှစ်ယောက်သား အဆင်မပြေကြသေးဘူးလေ"

"အဲ အဲတာက....ဟို ....ဟာ နင်ကလည်း နင်တို့ပဲ ငါနဲ့မင်းခန့်ကို အဆင်ပြေစေချင်နေတယ်မလားအခု အဆင်ပြေနေပြီပဲလေ မရသေးဘူးလား"

"ဒါပေမယ့်..."

"ကလေးရယ် မမေးပါနဲ့တော့ ဆုမြတ်တစ်ယောက် ရှက်ပြီးပျောက်သွားတော့မယ်"

"ဟွန့် ဒီတစ်ကြိမ်တော့ ထားပေးလိုက်မယ် နောက်တစ်ကြိမ်ဆိုရင်တော့မရဘူးနော် "

အဆု ဒီတော့မှ သက်ပြင်းချက်လိုက်မိသည် ချမ်းသာ အဆုတို့ညကအကြောင်းသိရင် ပြောလို့စနောက်လို့ ပြီးတော့မှာမဟုတ်ပေ။

ထိုစဥ် အဆုလက်ကို အုပ်မိုးဆုပ်ကိုင်လာသည့် လက်ဖဝါးကြီးကြောင့် ပိုင်ရှင်ကို ကြည့်လိုက်တော့ သွားထပ်လေးတွေပေါ်နေသည်အထိပြုံးပြနေသည်မို့ အဆုလည်းပြန်လည် ပြုံးပြလိုက်မိသည်။

တော်သေးတာပေါ့.... အဆုတို့ကို ကံကြမ္မာက ပြန်ဆုံစည်းစေလို့

"အမယ် အခုမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးနေကြတယ် ကိုကိုရေ ကလေးတို့ရိုပြဖို့လူမရှိတော့ဘူးရယ်"

"ဟုတ်တယ် ချမ်း နင့်တို့ရှေ့ငါတို့ပြန်ချစ်ပြမှာကြည့်နေ နော်မင်းခန့်"

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now