"ဆုမြတ်ငါတို့ပြန်ပြီနော် "
"အေး ပြန်တော့"
"နင်မျက်နှာကြီးလည်းပြင်လိုက်ပါဦး အီးမှန်ထားတဲ့ မျက်နှာကြီးနဲ့ အိမ်ပြန်ရင် လမ်းကလူတွေလန့်ကုန်ဦးမယ်"
"လဒကောင် အစုတ်ပလုတ် နင်ငါ့ကိုစပြန်ပြီလား သွားတော့ နင်တို့နှစ်ကောင်"
"အေးပါ သွားမှာပါ ဟေ့ရောင် မင်းခန့် အီးမှန်လေးကို သေချာပို့ပေးလိုက်ဦးနော်"
"ငါ ခေါက်ထည့်လိုက်ရ နင်နော်မန်းလေပြဲလေနဲ့"
"အင်း မင်းတို့လည်းသေချာပြန်ဦး နောက်ကလိုက်ခဲ့မယ်"
"အေအေ "
"ဆုမြတ် ပြန်ပြီနော်"
ချမ်းကို အဆုခေါင်းငြိမ့်ပြလိုက်ပြီး အရှေ့ကကောင်ကိုကြည့်လိုက်တော့ ပြုံးစီစိနဲ့ အရှေ့ကထွက်သွားလေပြီ
"အဆု တက်လေ ပြန်ရအောင် "
"အင်း"
အဆု အင်းသာပြောပြီး စက်ဘီးအနောက်ကခုံပေါ်ထိုင်လိုက်သည်။
ဘာပြောရမှာလဲ အဆုမှ သူ့ကို စိတ်မကြည်ဘဲကိုအဆု အရင်ကဆို သူ့ခါးကိုကိုင်ပြီးလိုက်တတ်ပေမယ့် ဒီနေ့တော့ ဒီတိုင်း လက်ပိုက်ပြီးသာနေလိုက်သည်
ပြုတ်တော့မကျလောက်ပါဘူး
"အမေ့!!!"
အဆု လက်ပိုက်ပြီး မတ်မတ်ကြီးထိုင်နေတာကို စက်ဘီးက ရုတ်တရက် လဲမလိုဖြစ်သွားတာကြောင့် အမြန်ပင် သူ့ခါးကိုလှမ်းဖက်လိုက်ရသည်
"ဘာဖြစ်တာလဲ မင်းခန့်"
"သြော် ကျောက်တုံးနဲ့ထိသွားတာထင်တယ် လန့်သွားတာလား နင့်မှငါ့ကို သေချာမကိုင်ထားဘဲကို ပြုတ်ကျရင်နာဦးမယ် သေချာကိုင်ထား "
"အောင်မာ ပြုတ်ကျစရာလား နင်သေချာမနှင်းလို့လေ ခုနက ငါလန့်သွားတာက "
"အေးနော် နောက်မှပြုတ်ကျရင် လာမထူခိုင်းနဲ့ မထူပေးဘူး ထားခဲ့မှာ"
"ထားခဲ့ပေါ့ ငါဟာငါထပြီး လမ်းလျှောက်ပြန်မှာ"
ဟွန့် အဆုကိုများ အထင်သေးလို့ ဒီလမ်းတွေငယ်ငယ်ထဲက သွားနေကြပါနော် သူသာ အခုမှရောက်လာပြီးတော့
أنت تقرأ
အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️🩹(Completed)
عاطفيةအချစ်ဦး ဆိုတာ ဘယ်လိုအရာနဲ့ပဲ တွေ့တွေ့ မေ့ပျောက်မသွားတဲ့ သက်ရှိအရာလေးတစ်ခုပါလားနော်❤️