အပိုင်း(၉)U

789 23 2
                                    

ကောင်းကင်ပေါ်မှာ တစ်ခုထဲသာရှိပြီး လုံးဝန်းလှပကာ ထိန်ထိန်သာ လင်းနေသည့် လပြည့်ဝန်းကြီးကို မော်ကြည့်ရင်း အဆုပြုံးလိုက်မိသည်။

"ဘာတွေပြုံးနေတာလဲ အဆု"

"ဟင်!!"

အဆုလက်ကို ဆုတ်ကိုင်ပြီး မေးလာသည့် မင်းခန့်ကြောင့် ရုတ်တရက်ဆိုတော့လန့်သွားမိတာအမှန်။ အရင်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲ ရိုက်လိုက်ပုတ်လိုက်ပြောပြော အဲတုန်းက သူငယ်ချင်း သံယောဇဉ်နဲ့လေအခုကျ မတူတော့ပဲ ချစ်သူတွေဖြစ်နေကြတော့ အဆုရင်ခုန်မိပါသည်။

"ဟိတ် ဘာလို့ကြောင်နေတာလဲ"

"အာ ဘာမှ မဟုတ်ပါဘူး လမင်းကြီးကိုကြည့်ပြီးသဘောကျလို့"

အဆုပြောလိုက်တော့ မင်းခန့်လဲ ကောင်းကင်ကိုမော်ကြည့်ကာ ပြုံးလေသည်။

"အင်း ဟုတ်တယ်နော်"

"ဒါပေမယ့် လမင်းကြီးကို ကြည့်ရတာ ဒီနေ့အထီးကျန်နေတယ်လို့မထင်ဘူးလား"

"ဘာလို့လဲ "

"ဒီနေ့ ကောင်းကင်ပေါ်မှာ ကြယ်တွေမရှိဘူးလေကြည့်ပါလား လမင်းကြီးတစ်ခုထဲ လင်းထိန်နေတာလေ"

"အဲတာနဲ့ အထီးကျန်နေတယ်ဖြစ်သွားရောလား အဆုရဲ့"

"ငါထင်တာ ပြောပြတာကို..."

"အဆု ....."

"ပြောလေ"

"အခု ငါတို့နှစ်ယောက်က ငယ်သေးတာဆိုတော့ တစ်ချိန်ကျ တကယ်လို့ ငါတို့ဝေးသွားခဲ့ရင် နင်ငါ့ကိုချစ်နေဦးမှာလား"

"အမ် ဘာလို့ ဝေးမယ့် အကြောင်းတွေပြောနေရတာလဲ ဘာလဲ နင်ကအခုထဲက ငါ့ကိုထားခဲ့ဖို့အကြောင်း တွေးနေပြီပေါ့"

"အဲလို မဟုတ်ပါဘူးဟာ အဆုကလည်း ငါကဖြစ်ခဲ့သည်ရှိရင်ဆိုပြီးမေးကြည့်တာပါ.....ဘယ်လိုလဲဟင် နင့်ငါ့ကိုချစ်နေဦးမှာလား"

"မသိဘူးလေ အဲချိန်ကျရင် ငါအချစ်သစ်တွေ့ရင်လည်းတွေ့နေမှာပေါ့......အာ ငါက နင်ထားခဲ့ရင်ပြောတာပါ "

သူပဲမေးပြီး သူပဲ ဒေါသထွက်လာသည့် ပုံပေါ်လာတာမို့လို့ ဖြေရှင်းချက်က ချက်ချင်းပေးရသေး၏။

အတိတ်၏ရပ်ဝန်းမှအချစ်တစ်ခု❤️‍🩹(Completed)Where stories live. Discover now