ဇေယျ ဆက်ဟန်သောက်နေတဲ့အရက်ခွက်ကို ဆွဲယူလိုက်သည်...။
မယူလို့လည်းမရတော့...။
သောက်ပြီးသားပုလင်းအခွံတွေကနှစ်လုံးနှင့်အခုသောက်နေသည့်ပုလင်းပါဆို သုံးပုလင်းမြောက်...။
မနေကညထည်းကသောက်နေသည်က ဒီနေ့မနက်အထိ မနားတမ်းသောက်နေတာပင်..။
အိမ်ပေါ်တက်အိပ်ခိုင်းတော့လည်းမရ..။လယ်ထွန်စက်တွေထားတဲ့ တဲထည်းမှာတစ်ယောက်ထည်း နားလိုက်သောက်လိုက်နဲ့ဘယ်လိုမှတားလို့လည်းမရ...။""ဆက်ဟန်...တော်တော့ မင်းသောက်နေတာများနေပြီး''
""ငါသောက်ချင်သေးတယ်ဇေယျရာ...ငါထပ်သောက်ချင်သေးတယ်...ဒီရင်ဘတ်ကြီးကနာတာတွေပျောက်အောင်သောက်ချင်သေးတယ် သူငယ်ချင်းရာ''
""ခံစားရတာလည်းခံစားရတာပေါ့ ဆက်ဟန်ရာ.... ဒီအတိုင်းသောက်နေတော့ရော မင်းပြသနာက ပြေလည်သွားမှာမို့လို့လား''
""ငါမသိဘူးဇေယျ...အခုချိန်မှာငါဘာမှမတွေးတက်တော့ဘူး.....မင်းသိလား ငါလေကိုကို့ကိုစောက်ရမ်းချစ်တာကွ...
ဒါတောင်ကိုကိုကငါ့အပေါ်မှာလုပ်ရက်တယ်ကွာ''""ကိုကြီးဆောင်လည်း မင်းကိုချစ်ပါတယ်ဆက်ဟန်ရာ..''
""ဘာကိုချစ်တာလည်း....ငါ့ကိုခွေးတစ်ကောင်လို တစ်ခြားသူလက်ထဲထည့်ပေးတဲ့သူက ငါကိုချစ်တာတဲ့လား...ရီစရာတွေမပြောပါနဲ့လား ဇေယျရာ...ဟက်''
""မင်အတွက် ထိခိုက်နိုင်စရာတွေရှိလာမှာစိုးလို့ ကိုကြီးဆောင်လက်လွှတ်လိုက်တာဖြစ်မှာပါကွာ..''
""တော်စမ်းကာဇေယျရာ....
သိပ်ချစ်ပါတယ်ဆိုပြီး ငါ့မလုပ်ခဲ့တဲ့အမှားအတွက် အတင်းတာဝန်ယူခိုင်းနေတဲ့သူကို ငါ့ဘယ်လိုနားလည်ပေးရမလဲ...
ဟမ့်...ငါဘယ်လိုနားလည်ပေးရမလဲဇေယျ
မင်းပြောကြည့်လေ...ပြောကြည့်..'''""ငါမသိတော့ဘူးကွာ '''
သူတို့နှစ်ယောက်လုံးကိုခံစားနေရသည်ကိုဇေယျသနားသည်ပင်..။
ချစ်ကြတာတော့ နှစ်ယောက်လုံးက လိုက်မမှိနိုင်အောင်ချစ်ကြတာဘဲ...။
ကိုကြီးဆောင်လည်းဆက်ဟန်ကိုချစ်နေတာ ဇေယျအသိဆုံးပင်..။
ဆေးခတ်တဲ့ကိစ္စတုန်းက ဇေယျလုပ်ခဲ့သည်မဟုက်...။
ကိုကြီးဆောင်ကိုယ်တိုင်သောက်ခဲ့တာ ဇေယျမြင်ခဲ့သည်ပင်...။
ဘာကြောင့်လည်းမေးတော့ ဒီအတိုင်းဆိုငါမျက်နှာပူလို့တဲ့...။
YOU ARE READING
ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)
Romance""ဆက်ဟန်သာမောင်'' ''စိတ်ပူပါနဲ့...မောင်..ကိုကို့ကို..လုပ်..ကြွေးမှာပါ..'' ""ဆောင်တော်ကူး'' ""စကားကိုတစ်ဆက်ထည်းပြောတော့....သေမှာမလို့လား..ခွေးကောင်ရ''' ""ဝဏ္ဏာထက်မြတ် ''' အချစ်က လူတစ်ယောက်ကို ဗီလိန်ဖြစ်စေနိုင်တယ်တဲ့..။ ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ဖ...