part(19)unicode

2.7K 240 69
                                    


ဇေယျ ဆက်ဟန်သောက်နေတဲ့အရက်ခွက်ကို ဆွဲယူလိုက်သည်...။
မယူလို့လည်းမရတော့...။
သောက်ပြီးသား ပုလင်းအခွံတွေကနှစ်လုံးနှင့်အခုသောက်နေသည့်ပုလင်းပါဆို သုံးပုလင်းမြောက်...။
မနေကညထည်းကသောက်နေသည်က ဒီနေ့မနက်အထိ မနားတမ်းသောက်နေတာပင်..။
အိမ်ပေါ်တက်အိပ်ခိုင်းတော့လည်းမရ..။လယ်ထွန်စက်တွေထားတဲ့ တဲထဲမှာတစ်ယောက်ထည်း နားလိုက်သောက်လိုက်နဲ့ဘယ်လိုမှတားလို့လည်းမရ...။

""ဆက်ဟန်...တော်တော့ မင်းသောက်နေတာများနေပြီး''

""ငါသောက်ချင်သေးတယ်ဇေယျရာ...ငါထပ်သောက်ချင်သေးတယ်...ဒီရင်ဘတ်ကြီးကနာတာတွေပျောက်အောင်သောက်ချင်သေးတယ် သူငယ်ချင်းရာ''

""ခံစားရတာလည်း ခံစားတာပေါ့
ဆက်ဟန်ရာ.... ။
ဒီအတိုင်းသောက်နေတော့ရော
မင်းပြသနာက ပြေလည်သွားမှာမို့လို့လား''

""ငါမသိဘူးဇေယျ...။
အခုချိန်မှာငါဘာမှမတွေးတက်တော့ဘူး.....။
မင်းသိလား ငါလေ ကိုကို့ကို ဟော့ဒီရင်ဘတ်ကြီးနဲ့ရင်ပြီး စောက်ရမ်းကိုချစ်တာကွ...။
ဒါတောင်ကိုကိုကငါ့အပေါ်မှာလုပ်ရက်တယ်ကွာ''

ရင်ဘတ်ကိုတီးကာပြောနေသည့်သူငယ်ချင်းဖြစ်သူအားကြည့်ကာ ဇေယျ ခေါင်းသာရမ်းလိုက်မိပါသည်...။

နှစ်ယောက်လုံး၏ အချစ်ဖတွ ဘယ်လောက်ကြီးမားလည်း သူကိုယ်တိုင်သိထားသည်မို့ နှစ်ယောက်လုံးအတွက် စိတ်မကောင်းရုံသာဇေယျတက်နိုင်ပါသည်..။

""ကိုကြီးဆောင်လည်း မင်းကိုချစ်ပါတယ်ဆက်ဟန်ရာ..''

""ဘာကိုချစ်တာလည်း....။
ငါ့ကိုခွေးတစ်ကောင်လို တစ်ခြားသူလက်ထဲ'ရော့...အင့်''ဆိုပြီးထည့်ပေးတဲ့
သူက ငါကိုချစ်တာတဲ့လား...။
ရီစရာတွေမပြောပါနဲ့လား ဇေယျရာ...ဟက်''

""မင်အတွက် ထိခိုက်နိုင်စရာတွေရှိလာမှာစိုးလို့ ကိုကြီးဆောင် လက်လွှတ်လိုက်တာဖြစ်မှာပါကွာ..''

""တော်စမ်းကာဇေယျရာ....။
သိပ်ချစ်ပါတယ်ဆိုပြီး ငါ့မလုပ်ခဲ့တဲ့အမှားအတွက် အတင်းတာဝန်ယူခိုင်းနေတဲ့သူကို ငါ့ဘယ်လိုနားလည်ပေးရမလဲ...။
ဟမ့်...ငါဘယ်လိုနားလည်ပေးရမလဲဇေယျ
မင်းပြောကြည့်လေ...ပြောကြည့်..'''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now