part (9 )unicode

3.6K 268 17
                                    

ဆန်စက်ကပြန်လာသည်မို့ လူကယားယံနေပြီး....ထမင်းမစားခင်ရေ အရင်ချိူးမှရမည်။။
နေ့လည်12မထိုးခင်အိမ်ကိုအရောက်ပြန်လာရသည်လေ..။
အိမ်မှာထမင်းစားစောင့်နေမယ့် အိမ်သူသက်ထားကရှိသည်ကို့..။
အဲ့လိုသာ ကိုကိုရှေ့ပြောရင် ဆက်ဟန်သာ ခေါင်းမှာအာလူးတစ်ခင်းစိုက်ပျိူးပြီးသားဖြစ်သွားမှာအသေအချာပင်..။

"" ကိုကိုရေ...မောင်ပြန်လာပြီ''

မျက်လုံးသာလှည့်ကြည့်ပြီးသာလှန်ကြည့်ပြီးဂိမ်းပြန်ဆော့နေတဲ့ကိုကိုသည့်ကိုကိုအား စချင်စိတ်ကထိန်းမရ...။

""ကိုကိုရေ...ကိုကိုရေလို့..''

""ဘာလည်းကွာ.....ဂိမ်းလေးတစ်ပွဲလောက်အေးဆေးဆော့ပါရစေ'''

""ရပါတယ်ကိုကိုရယ်...အခုတော့လည်းသူများသားသမီးနုနုထွတ်ထွတ်လေးကို ယူထားပြီး ပစ်ထားရက်ပြီပေါ့လေ...မောင်နားလည်ပါတယ်...ဟင့်.... အခု​တော့ကြံတစ်ချောင်းလို အချိူကုန်တော့ထွေးထုတ်ပြီပေါ့လေ''

တစ်နေ့တမျိူးမရိုးရသည့် ဆက်ဟန်သာကိုကြည့်ကာဆောင်တော်ကူးရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရသည်..။

"""ငါကြားဖူးတာတော့ ပီကယ်ပါ...မင်းကျမှ
ကြံချောင်းဖြစ်ရတယ်လို့'''

""မောင်မှာ့ကြံချောင်းပါတယ်လေ...
ကိုကိုစုပ်မလား''

""အနားကိုခနလာအုန်း...မင်းပါးပေါ်မှာ
ဘာတွေပေနေလည်းမသိဘူး....လာငါသုတ်ပေးမယ်''

ဆက်ဟန်သာအားမလိမ့်တပတ်နဲ့အနားကို​ခေါ်ပြီးကပ်လာမှ...ဗိုက်ခေါ်က်ကိုဆွဲလိမ်ကာ....

""တော်တော်မိုက်မိုက်ရိုင်းရိုင်းတွေပြောချင်နေတယ်ဟုက်လား...ဟမ့်....ဗိုက်ခေါက်ကိုပြတ်အောင်ကိုလိမ်ပြမယ်..မင်းထက်အငယ်လေးကျလို့'''

""အတည်ပြောတာ..နာတယ်ကိုကိုရဲ့... လွှတ်ပါတော့နော်'''

""ဒီလောက်လုပ်နေတာတောင်..အတည်လုပ်နေတယ်ဟုက်လား''

""တကယ်ကြံဝယ်လာတာပါကိုကိုရဲ့... အပြင်မှာထောင်ထားခဲ့တာ ရေချိူးပြီးမှဖြတ်ပေးမလို့ကို..''

""ဟီး.. ဟီး..ငါကမင်း ရိုင်းရိုင်းစိုင်းစိုင်းတွေပြောနေတယ်မှတ်လို့''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now