Part(6)unicode

4K 314 20
                                    

မူးမူးနဲ့အိပ်ပျော်သွားပြီး ဆောင်တော်ကူးနိုးလာတော့ကုတင်ပေါ်ပင်ရောက်နေသည်..။
သူအိပ်မပျော်ခင်က အိမ်ရှေ့မှာမဟုက်လား''
ဘာလို့ကုတင်ပေါ်ရောက်နေရတာလည်း.။

တင်းကြပ်စွာအဖက်ခံထားရသည်မို့ကြည့်လိုက်တော့ သူ့ခန္တာကိုယ်တစ်ခုလုံးက ဆက်ဟန်သာရင်ခွင်ထည်းတွင် နစ်ဝင်နေသည်..။
ဆက်ဟန်သာရင်ခွင်ထည်းကနေအတင်းရုန်းထွက်ပြီး...

""ဟိတ်ကောင်...ထစမ်း...ထစမ်း'''

အိပ်ယာမှကျူံးထပြီးမျက်လုံးကိုပွတ်ရင်း.....

""ဟင်..ကိုကိုနိုးပြီလား'''

""ငါမူးနေတာကို အခွင့်ရေးယူတဲ့ကောင် '''

ပြောလည်းပြော လက်ကလည်းဆက်ဟန်သာကျောပြင်ဆီသို့ အုန်းခနဲကျသွားသည်..။

""ဟမ်..ကိုကိုဘာတွေပြောနေတာလည်း'''

တကယ်ဘာမှမသိတဲ့ပုံစံနှင့် ဆောင်တော်ကူးကိုပင်ပြန်မေးနေသေးသည်..။

""ငါမူးနေတာကို ​မင်း အသားယူနေတာလေ'''

ဆက်ဟန်သာ တစ်ဟားဟား ထရယ်တာကြောင့် ဆောင်တော်ကူးပင် စဥ်းစားရကျပ်သွားသည့်..။
ရယ်လို့ဝမှ...ပြုံးစီစီမျက်နှာပေးနှင့်

""ဘယ်သူကအသားယူတာလည်း..သေချာပြန်
စဥ်းစားကြည့်ပါအုန်း ကိုကိုရဲ့'''

သူမူး​ပြီးအိမ်ရှေ့မှာအိပ်နေတုန်း ဆက်ဟန်သာ
ပွေ့ပြီး အခန်းထဲထည့်ပေးတဲ့ အထိမှတ်မိသေးသည်..။ကျန်တာတော့သူဘာမှမမှတ်မိတော့..။

"""အသားယူတာလား
ကိုကိုလား မောင်လားဆိုတာ...ဒီမှာကြည့်''''

အရှေ့တိုးပြီးပြလာတဲ့ ဆက်ဟန်သာလည်ပင်းတစ်လျှောက်လုံးမှာ အနီရောင်ဖြစ်နေတဲ့အကွက်
တွေကအ​ပြည့်..။

သူကိုယ်သူပြန်ကြည့်တော့ တစ်ခုမှရှိမနေ..။

ဒါဆိုဆက်ဟန်သာကိုမူးမူးနဲ့နမ်းခဲ့တာပေါ့...။

အား..ရှက်လိုက်တာ..။
မျက်နှာပင်ဘယ်နားထားရမှန်းမသိတော့..။

""ငါမူးသွားလို့...မင်းကလည်းဘာလို့ ငါ့အနားလာနေလဲ''

""အော်...ကိုကိုကအခုတော့ စားပြီးနားမလည်လုပ်ပြီပေါ့လေ....
သူ့များသားသမီးနုနုထွက်ထွက်လေးရဲ့first kissကိုယူပြီးတော့...... ..
အခုတော့မသိချင်ယောင်ဆောင်ပြီပေါ့လေ...
ဟင့်...အမေနဲ့တိုင်ပြောမယ်...'''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Waar verhalen tot leven komen. Ontdek het nu