မိုးတွေသည်းထန်စွာရွှာနေတာမို့ ဆောင်တော်ကူး အိပ်ယာထည်းကမထဘဲ စောင်လေးခြုံကာပြန်အိပ်နေလိုက်သည်..။
ခနကြာတော့ မနက်စာကျက်ပြီထင်တယ်..။အခန်းထည်းကိုဝင်လာတဲ့ ဆက်ဟန်သာခြေသံကိုကြားပေမယ့်ဆောင်တော်ကူး အိပ်ချင်ယောင်ဆောင်နေလိုက်သည်...။
အေးစက်စက်ဖြစ်နေတဲ့လက်နဲ့မျက်နှာကိုလာတို့ပြီး...
""ကိုကိုထတော့လေ....မောင်..မနက်စာချက်ထားပီးပြီ''
ဆောင်တော်ကူး တစ်ချက်သမ်းလိုက်ပြီး....
""မထချင်သေးဘူးမောင်ရယ့်...မိုးအေးနေတာကို.''
ဆောင်တော်ကူး နှုတ်ခမ်းလေးကို ဆက်ဟန်သာခပ်ဖွဖွလေးနမ်းလာပြီး....
"ထတော့လေ...ကိုကိုရဲ့...ဘုရားလှည့်မလိုက်ဘူးလား'''
""ဒီလောက်မိုးတွေရွှာနေတာ...ဘုရားလှည့်သွားလို့ရမလား''
ဆက်ဟန်သာမောင် ဆောင်တော်ကူး ခန္တာကိုယ်လေးကိုယ်ဆွဲထူရင်း.....
"" ရေချိုးပြီး ပြင်ဆင်ထားတော့.... ခနနေရင်မိုးတိတ်သွားလိမ့်မယ်''
ဒီလောက်မိုးတွေရွှာနေတာကို....
မိုးတိတ်တော့မှာပြောတဲ့ ဒီကောင်ရူးများနေတာလားလို့ ဆောင်တော်ကူး စိတ်ပေါက်ပေါက်နဲ့ တွေးချပစ်လိုက်သည်.။အပြင်မှာမိုးကရွှာနေတာမှသဲကြီးမဲကြီးလေ...။
""ဒီလောက်မိုးရွှာနေတာ...တိတ်ပါ့မလားမောင်ရယ်''
""ကဲ.....မောင်ပြောတာမယုံရင်ရေချိုးထမင်းစားပြီးစောင့်နေ...နေလည်12နာရီ ဘုရားလှည့်မတိုင်ခင်မိုးရွှာတာတိတ်သွားလိမ့်မယ်''
ဆောင်တော်ကူးလည်း ဆက်အိပ်မရတာနဲ့ရေချိုးခန်းထည်းဝင် မိုးအေးတာကြောင့် ခပ်မြန်မြန်သာ လောင်းချိုးလိုက်သည်...။
ရေချိုးပြီး သူထုတ်ပေးထားသေား အကျီ်နဲ့ ပုဆိုးကိုဝတ်လိုက်ပြီး...အိမ်ရှေ့ထွက်လာတော့ ဆက်ဟန်သာက ထမင်းဝိုင်းပင်ပြင်ဆင်ပြီးနှင့်နေသည်..။
""ကိုကို...ထမင်းစားတော့မလား..အခုလည်း10နာရီခွဲနေပြီဆိုတော့လေ''
आप पढ़ रहे हैं
ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)
रोमांस""ဆက်ဟန်သာမောင်'' ''စိတ်ပူပါနဲ့...မောင်..ကိုကို့ကို..လုပ်..ကြွေးမှာပါ..'' ""ဆောင်တော်ကူး'' ""စကားကိုတစ်ဆက်ထည်းပြောတော့....သေမှာမလို့လား..ခွေးကောင်ရ''' ""ဝဏ္ဏာထက်မြတ် ''' အချစ်က လူတစ်ယောက်ကို ဗီလိန်ဖြစ်စေနိုင်တယ်တဲ့..။ ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ဖ...