Part (16)Unicod

2.7K 212 7
                                    

  ဆက်ဟန်သာမောင် နိုးလာတော့ခေါင်းတွေကအသေကိုက်နေသည်..။

ဘေးဘီကြည့်​လိုက်တော့ အဖြူရောင်မွေ့ယာနှင့် အခန်းအ​​ပြင်အဆင်တွေကြောင့် တဲခိုခန်းတစ်ခုခုဖြစ်မယ်ဟုတွေးလိုက်သည်..။

သူမူးပြီးအိပ်ပျော်သွားတော့ တစ်ယောက်ယောက်လာပို့ထားတာဖြစ်လောက်မည်..။

သူလွယ်နေကျဘေးလွယ်အိပ်လေးနှင့် ဖုန်းလေးက ကုတင်ဘေးက ခုံပေါ်တွင် ဒီအတိုင်းလေးရှိနေသည်..။

ဆက်ဟန်သာခုံပေါ်ကဖုန်းကိုယူကာ
ဖွင့်လိုက်တော့ကိုကိုဆီက ဖုန်းအဝင်callတွေကမနည်းပင်..။

အချိန်ကလည်းည11နာရီရှိနေပြီဖြစ်တာကြောင့်အိမ်ပြန်လို့ရတော့မည်မဟုက်ပေ...။

သူစိတ်ပူသည်က အိမ်မှာကိုကိုတစ်ယောက်
ထည်းကြောက်နေမှာကိုပင်..။

ဆက်ဟန်သာမောင် ကိုကိုဖုန့်နံပါတ်လေးကိုနှိပ်ကာ ဖုန်းဆက်တော့လည်းဖုန်းမကိုင်...။

သုံးလေးခါလောက် ဖုန်းခေါ်လို့မကိုင်တာမို့
ဇေယျဆိဖုန်းလှမ်းဆက်လိုက်သည်..။

သိပ်မစောင့်လိုက်ရပေ...။
ဇေယျဖုန်းလာကိုင်တော့ အကျိူးအကြောင်းပြောပြပြီး ကိုကိုဆီအဖော်သွားနေပေးဖို့ပြောရသည်..။

ဇေယျကလည်းကိုကိုဆီကိုသူတို့မောင်နှမ အဖော်သွားနေပေးမှာမို့ စိတ်မပူဖို့နဲ့ မနက်ဖြန်ကြရင်သူလာကြိုမယ်ပြောကာ ဖုန်းချသွားသည်..။

ဆက်ဟန်သာမောင် ဖုန်းပြောပြီးသည်နှင့်အခန်းအပြင်ထွက်လိုက်တော့ ဆိုင်ဝန်ထမ်းကောင်လေးရောက်လာပြီး.......

""အကို ဘာများလိုအပ်ပါလဲ...'''

""မလိုအပ်ပါဘူး...ဒါနဲ့ အကို့ကို အခန်းထည်းဘယ်သူပို့ပေးတာလည်းမသိဘူး''

""ဟုက်...ကျွန်တော်တို့သူဋ္ဌေးပို့ပေးထားတာပါ''

""သူဋ္ဌေးဆိုတာက..''

""ဦးဝဏ္ဏာထက်မြတ်ကိုပြောတာပါ...
အကိုလိုအပ်တာ အကုန်လုပ်ပေးဖို့လည်း
သူဋ္ဌေးကမှာသွားပါတယ်''

""အော် ဝဏ္ဏာထက်မြတ်ဝင်ပို့ထားခဲ့တာကို''

""ဒါနဲ့အကိုဘာများလိုအပ်လည်းမသိဘူးခင်ဗျ''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Donde viven las historias. Descúbrelo ahora