မနက်(6)နာရီထိုးတော့ ထုံးစံအတိုင်းဆက်ဟန်သာနိုးလာတော့ ကိုကိုကအိပ်နေဆဲပင်.။
မအိပ်ခင်ကတော့ စည်းကျော်ရင် သူသေကိုယ်သေဘဲကြိမ်းဝါးထားတဲ့ကိုကိုက အခုတော့
သူ့မဟုက်တဲ့အတိုင်း ဆက်ဟန်သာကိုကိုဖက်ပြီးအိပ်ပျော်နေလေရဲ့..။ကိုကိုနိုးမှာစိုးတာကြောင့် ကုတင်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းကာ အခန်းထည်းကထွက်လာခဲ့သည်..။
ဆက်ဟန်သာ အလုပ်သွားရန်ရေချိုး မျက်နှာသစ်ရမည်ပင်..။
ဒီရက်ပိုင်းဝယ်သူဆီပို့ရမယ့်ပစ္စည်းတွေအပြင်.ကုမ္မဏီကနေ ထပ်ယူရမယ့်ပစ္စည်းတွေပါရှိနေတာကြောင့် ဆက်ဟန်သာမသွားလို့ကမရ..။မျက်နှာသစ်.ရေချိုးပြီးမှ
ကိုကိုအတွက်မနက်စာတစ်ခုခုဝယ်ရန်လွယ်သူဇာဆိုင်ဘက်ထွက်လာခဲ့လိုက်သည်..။ဆိုင်ရောက်သည်နှင့် မသူဇာက...
""ဟဲ့ဆက်ဟန်....နင်ယောက်ကျာ်းရောမပါဘူးလား'''
""အိပ်တုန်းအမရေ...ကိုကိုအတွက်မနက်စာလာဝယ်တာ ဘာရှိလည်း'''
""မုန်ဟင်းခါးနဲ့အုန်းနို့ခေါက်ဆွဲရှိတယ် နင်ဘာစားမလဲ'''
""အုန်းနို့ခေါက်ဆွဲဘဲထည့်ပေးအမ..ငါးဖယ်ငါးဆုပ်က ငါးခုလောက်ထည့်လိုက်..အိုးဘဲဥရောဘဲ''
ကိုကိုအုန်းနို့ခေါက်ဆွဲကြိုက်တက်တာဆက်ဟန်သိပါသည်..။ကိုကိုအကြောင်းတော်တေယ်များများကို ဆက်ဟန်အရင်ထည်းကစုံစမ်းထားခဲ့တာကြာပြီပင်..။
ခနနေကြာတော့မှာထားတာရပြီမို့
မသူဇာ ကမ်းပေးသောအုန်းနို့ခေါက်ဆွဲထုပ်လေးတွေကိုယူပြီးအိမ်သိုပြန်လာခဲ့သည်။
ကိုကိုနိုးရင်အဆင်သင့်စားရအောင် ပြင်ဆင်ကာ အုပ်ဆောင်နဲ့အုပ်ထားလိုက်ပြီး....သူကတော့ မနက်စာမစားတက်သည့်မို့
ကော်ဖီခွက်လေးအနားချကာ ဆိုင်ရဲ့ပစ္စည်းအဝင်အထွက်စာရင်းတွေပြန်စစ်ရသည်.။
တစ်ခုမှားတာနဲ့ ပေးလျော်ရမယ့်ငွေအမောက်က မနည်းလှပေ..။
ဇေယျက စာရင်းကိုင်တာ စိတ်ချရတယ်
ဆိုပေမယ့် အလောသုံးဆယ်လုပ်တက်တာကြောင့် ဆက်ဟန်သာအမြဲပြန်စစ်ရသည်။ကိုကိုအိပ်ယာနိုးလို့ အခန်းထည်းကထွက်လာမှဆက်ဟန်လုပ်လက်စတွေကိုလက်စသတ်လိုက်ပြီး...
CZYTASZ
ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)
Romans""ဆက်ဟန်သာမောင်'' ''စိတ်ပူပါနဲ့...မောင်..ကိုကို့ကို..လုပ်..ကြွေးမှာပါ..'' ""ဆောင်တော်ကူး'' ""စကားကိုတစ်ဆက်ထည်းပြောတော့....သေမှာမလို့လား..ခွေးကောင်ရ''' ""ဝဏ္ဏာထက်မြတ် ''' အချစ်က လူတစ်ယောက်ကို ဗီလိန်ဖြစ်စေနိုင်တယ်တဲ့..။ ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ဖ...