Part(17)unicode

2.6K 209 17
                                    

   တစ်စုံတစ်ယောက်က မတွေ့ဆုံချင်လို့ ရှောင်နေတဲ့အခါ.....
တစ်မြို့ထည်းအတူတူရှိရင်တောင်မဆုံဖြစ်တော့ဘူးတဲ့...။
အဲ့စကားက မှန်တယ်ထင်ပါရဲ့...။

  အခုလည်း တစ်မိုးအောက် တအိမ်ထည်းနေပြီး....ကိုကိုနဲ့ဆက်ဟန်မျက်နှာချင်းမဆိုင်ရတာ 5ရက်ခန့်ရှိနေပြီပင်...။

အခန်းထည်းကနေမထွက်တဲ့ကိုကို့နဲ့တွေ့ဖို့
ဆက်ဟန်သာအမျိူးမျိူကြိုးစားသော်လည်းအောင်မြင်...။

ထမင်းစားတာတောင်ကိုကိုက ဆက်ဟန်မရှိတဲ့အချိန်မှ အခန်းထဲကထွက်စားတက်တာမျိူးပင့်...။

ချက်ပြုတ်ပြီးသည်နှင့်ကိုကိုအတွက်
ဆက်ဟန်သာအမြဲပြင်ဆင်ပေးထားတက်သည်..။

အခန်းအပေါက်သေးသေးလေးကနေ
ဆက်ဟန်သာချောင်းကြည့်တဲ့အခါ ငူငူလေးထိုင်နေတက်တဲ့ ကိုကို့ကိုကြည့်ပြီး သူစိတ်တွေ
သံရေပူနဲ့အလောင်းခံရသလိုနာကျင်ရသည်..။

တစ်ခါတစ်လေ အခန်းထဲကြိတ်ပြီးငိုနေတက်တဲ့ ကိုကိုငိုသံကြားရတဲ့အခါ အခန်းအပြင်က
ဆက်ဟန်သာ ရင်တွေထပ်ကွဲရပြန်ပါသည်..။

ဒီရက်ပိုင်းအလုပ်ကိစ္စတွေကို ဇေယျကိုလွှဲထားတာမို့ အိမ်မှာသာအချိန်ပြည့်ရှိနေနိုင်ရျ်တော်သေး..။
ဒါတောင်အရေးကြီးကိစ္စဆိုရင်.ဆက်ဟန်သာကိုယ်တိုင်သွားရသည်ပင်...။

ဒီမနက်ကုမ္ပဏီကိုလက်ကျန်ဓာတ်မြေသြဇာဖိုး
ငွေသွားပေးရမှာမို့ ဆက်ဟန်သာလိုက်မှဖြစ်မည်ပင်..။
ကိုကိုအတွက်မနက်စာကိုသေချာပြင်ဆင်ပြီး စားပွဲပေါ်တင်ထားပေးလိုက်သည်...။
နေလည်စာအတွက်လည်းဟင်းချက်ချက်ပြီး ထမင်းအုပ်ဆောင်းနဲ့အုပ်ပေးထားပေးခဲ့သည်..။

ကိုကိုနိုးရင်အဆင့်သင့်ဖြစ်အောင် သွားတိုက်ဆေးကအစထည့်ထားပေးတက်တာဆက်ဟန်သာ ပုံမှန်လုပ်နေကြအလုပ်ပင်...။
အခုလိုအဆင်မပြေနေတဲ့အချိန်မှာပို​ပြီး
ဂရုစိုက်ပေးသင့်မဟုက်လား..။

အိမ်ရှေ့သရက်ပင်ပေါ်က တစ်ခိုင်စနှစ်ခိုင်စပွင့်နေသော ဆောင်တော်ကူးပန်းလေးတွေကိုခူးကာစတီးဗန်းလေးနဲ့ထည့်ထားလိုက်သည်..။
လွယ်အိပ်ထည်းက ဘောင်ချာစာအုပ်နှင့်ဘော့ပင်ကိုထုတ်ယူလိုက်ပြီး.....

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now