part(12)unicode

3.1K 218 4
                                    

မနက်အစောကြီးထကာ...နှစ်ယောက်လုံးဘုန်းကြီးကျောင်းသွားရန်ပြင်ဆင်ပြီး..ဇေယျတို့လာအခေါ်ကိုထိုင်စောင့်နေရသည်..။

ဆင်ဆွယ်ရောင်လက်ရှည်အကျီလေးနှင့်ယောပုဆိုး​ကြက်သွေးရောင်လေးကိုလိုက်ဖက်စွာဝတ်ဆင်ထားတဲ့ ကိုကိုကတကယ့်ပင် ချစ်စရာကောင်လွန်းနေသည်..။
သနပ်ခါးပါးပါးလေးလိမ်းထားပြီး ဖွေးအုနေတဲ့ မျက်နှာလေးကိုမှ ဆေးမကူဘဲရဲနေတဲ့ နှုတ်ခမ်ရဲရဲလေးတွေကကိုကိုရဲ့အလှကိုအားဖြည့်ပေးနေပြန်သည်..။
ကိုကိုရဲ့ချစ်စရာပုံရိပ်လေးတွေကိုဆက်ဟန်သာနှလုံးသားက မှတ်တမ်းတင်နေသည်ကအကြီမ်ကြီမ်ပင်...။

""ဘာတွေအဲ့လောက်တောင်ကြည့်နေတာလည်းမောင်ရဲ့''

""ကိုကိုကတအားတွေလှနေလို့လေ''

ရှက်သွားဟန်​နှင် ခေါင်းလေးငုံထားသည့်ကိုကိုရယ်ပါ..။
တကယ်ပါဘဲ...ချစ်သူတွေဖြစ်နေကြတာ
တောင် အရှက်ကပိုနေတုန်း..။

""အဲ့လိုမကြည့်ပါနဲ့လားမောင်ရယ်...ငါရှက်လို့ပါ''

ရှက်စိတ်ကြောင့်ရဲနေတဲ့ကိုကိုပါးပြင်လေးကို ဆက်ဟန်သာ အသာလေးနမ်းလိုက်ပြီး.....

""မရှက်ပါနဲ့ကိုကိုရဲ့...မောင်တို့ကတစိမ်းတွေမှ
မဟုက်တာကို''

သနပ်ခါး​လေးတွေကြောင့်သင်းပျံ့ပျံ့မွေးနေသည့်ကိုကိုပါးပြင်လေးအား ဆက်ဟန်သာ
အနမ်းတွေပေးနေသည်က အကြိမ်ကြိမ်ပင်...။

""တီ...တီ..''

နှစ်ယောက်ထည်းသာယာမယ်ရှိသေး...။
အလိုက်မသိရောက်ချလာတဲ့မောင်နှမပင်..။အိမ်ရှေ့ကနေ ဆိုင်ကယ်ဟွန်းကိုတီးနေသည်ကအဆက်မပြတ်..။

""ဆက်ဟန်...သွားကြမယ်လေ..နောက်ကျနေပြီ''

""မင်းတို့နောက်ကျတာလေ...
ငါတို့ကပြီးတာကြာလှပြိ''

""ဟုက်လို့လား..မင်းတို့မပြီးသေးဘူးငါတို့မောင်နှမစောင့်နေရတာလေ...တကယ်ထည်း နမ်းနေတာများ လူပါမျိူချတော့မဲ့အတိုင်းဘဲ''

"" ခွေးကောင်....ငါကိုကိုရှက်သွားမယ်မပြောနဲ့''

""ကိုကို သရဏံ ဂစ္ဆာမိ စောက်ရမ်းမုန်းတာဘဲ''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now