Ep(4)unicode

4.4K 357 12
                                    

ဆက်ဟန်သာမောင်တို့ ထွက်သွားတော့မှ နွယ်လင်းကသူ့အနားကပ်လာပြီး....

""ကိုကြီး..ကိုကြီးတို့ကလေ တကယ်လိုက်ဖက်တယ်သိလား....''

ဆောင်တော်ကူး ပြုံးသာပြလိုက်သည်..။
မဟုက့်ဘူးလို့ငြင်းမယ်ဆိုပြန်တော့လည်းမကောင်းလှချေ..။
အခြေအနေအရ မီးစင်ကြည့်ကရတော့မှာဘဲ။

""ကိုကြီးကိုလေ..အကိုဆက်ဟန်ကတအားချစ်တာနော်..အလုပ်တွေကြိုးစားလုပ်နေလို့မေးတဲ့အခါတိုင်း.သူက'' ငါ့ကိုကိုကိုယ်သွားတောင်းဖို့''ဆိုပြီးအမြဲပြောနေကြ''

""အကိုကို့ သူအကြောင်းလေးပြောပြပါလား'''

""အကိုသိချင်ရင် နွယ်ပြောပြမှာပေါ့'''

ဆက်ဟန်သာမောင်အကြောင်းကို နွယ်ဆီကရသလောက်မေးထားရမည်..။သူအကြောင်းကိုအနည်းအကျင်းတော့ သိထားမှဖြစ်မယ်..။
နွယ့်ကိုသူဝယ်လာတဲ့မုန့်နဲ့ လာဘ်ထိုးလိုက်ပြီး...ဆက်ဟန်သာမောင်အကြောင်းတွေကိုပြောခိုင်းပြီး စကားနှိုက်ရသည်....။

""အကိုကြီးသိလား ဟိုဘက်ရွှာက နွေနေဦးဆိုတဲ့ ကောင်မလေးနဲ့အကိုဆက်ဟန်ကို စေ့စပ်ပေးဖို့လူကြီးတွေကလုပ်ကြသေးတယ်..အကိုဆက်ဟန်က ကျွန်တော်မှာ ယောက်ကျာ်းရှိပါတယ်.. ဆိုပြီးလူကြီးတွေရှေ့မှာထပြောလိုက်လို့ ဦးလေးဆိုရှက်ပြီး..ဟိုဘက်ရွှာကိုအခုထိကိုမသွားတော့တာ'''

နွယ်ပြောတာကို ဆောင်တော်ကူးယုံပါသည်..။ဆက်ဟန်သာက ပြောစရာရှိရင် ဘယ်သူမျက်နှာမှထောက်ထားမည့်ပုံမပေါ်ချေ..။
တကယ့်မနိုင်စိန်ဖြစ်နေပုံရသည်..။

""သူကအဲ့လောက်တောင်ဆိုးတာလား'''

"" ကိုဆက်ဟန်က သဘောကောင်းပါတယ်အကိုရဲ့...အပြောဘဲဆိုးတာ'''

""အကိုအကြောင်းတွေရော..သူဘာပြောသေးလဲ'''

""ညီမလေးသိတာတော့( 5)နှစ်ပြည့်ရင်အကိုကိုသွားတောင်းမယ်ဆိုတာလောက်ဘဲသိတာ''

""အော်...ဒါနဲ့နွယ် ဒီနားမှာလေ ချဥ်ချဥ်စပ်စပ်လေး စားလို့ရမှာဘာရှိလည်း'''

""ရှိတာပေါ့...ရခိုင်မုန်တီလည်းရှိတယ်..
သဘော်သီသုပ် ဘာညာလည်းရှိတယ်...
အကိုစားချင်လို့လား'''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now