Part(14)unicode

2.8K 217 3
                                    

🎼so sa long as I live I love you......
will have and hold you...'''🎼

     ringtonမြည်သံကြောင့် ဆက်ဟန်သာဖုန်းကိုအသာယူကာ အခန်းအပြင်သို့ထွက်ပြီး ဖုန်းကိုင်လိုက်သည်..။
ကိုကိုအိပ်နေတာကြောင့် အိပ်​ရေးပျက်သွားမှာ
စိုးတာကြောင့်ပင်..။

""ဟယ်လို...အမိန့်ရှိပါခင်ဗျာ ''

"အန်ကယ်ဦးမြတ်သူပါ''

""ဟုက်ကဲ့ပါအန်ကယ်..
ဘာအကြောင်းအရာများရှိလို့လည်းမသိဘူးခင်ဗျ''

""အန်ကယ်တို့ကုမ္ပဏီရဲ့မန်နေဂျာ
ငွေတွေလိမ်ပြီး ထွက်ပြေးသွားပြီး......
သားလာပေးသွားတဲ့ ဓာတ်မြေသြဇာဖိုးသိန်း(5)ထောင်အပြင် ကုမ္ပဏီရဲ့
ငွေတစ်ချိူ့လည်းပါသွားတယ်'''

ဆက်ဟန်သာ စိုးထိတ်သွားရသည်..။
ငွေပမာဏက များသည်မဟုက်လား။

""ကျွန်တော့်ဘက်က
ဘယ်လိုတာဝန်ယူပေးရမလဲအန်ကယ်'''

""အန်ကယ် သားဆီကနောက်ထပ်ပေးရမယ့်ငွေတွေကို သူလာထပ်တောင်းနေမှာစိုးလို့ဖုန်းဆက်လိုက်တာပါ....
ကျန်တဲ့ကိစ္စကတော့ အန်ကယ်ကြည့်စီစဥ်လိုက်ပါမယ်...''

""ဟုက်ကဲ့ပါအန်ကယ်..တစ်ခုခုအကူညီလိုရင်ပြောပါ ကျွန်တော့်ကူညီပါ့မယ်..''

ဆက်ဟန်သာအမှားမဟုက်ပေမယ့်....ဆုံးရှံးသွားသည့်တန်ဖိုးကတစ်နှစ်စာရောင်းရငွေရဲ့ 4ပုံ1ပုံခန့် ရှိသည်မဟုက်လား...။

""အန်ကယ်ရဲ့ ပေါ့ဆမှုပေါ့သားရယ်..ဘယ်တက်နိုင်ပါ့မလဲ'''

ဆက်ဟန်သာစိတ်တော့မကောင်းပါချေ...။
ဆက်ဟန်သာ ဘာပြောရင်ကောင်းမလဲစဥ်းစားနေစဥ်..။

""" ဒါနဲ့ သဘက်ခါကျရင် ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေးရှိတယ်နော်..။
သားလည်းတက်ရမှာမို့လား''

""ဟုက်ကဲ့ပါအန်ကယ်....
အစည်းအဝေးပွဲကိုကျွန်တော်ရတက်မှာပါ''

""ဒါဆိုလည်း...သဘက်ခါကျမှတွေကြတာပေါ့''

    ဆက်ဟန်သာ ဖုန်းပြောပြီး ရင်ထည်းလေးလံသွားသည်..။
ကိုယ့်ဘက်က ပေးချေပြီးသွားတာမှန်ပေမယ့် နည်းနည်းတော့စိတ်ထဲမသက်လှပါ...။

ငွေမချေခင်က သူဌေးဆီဖုန်းဆက်ထားတာကြောင့်မဟုက်ရင်...ဒီငွေတွေက သူစိုက်ပေးရမှာပင်..။

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now