Part 18 unicode

2.7K 224 26
                                    

    ဆက်ဟန်သာခြံထဲဝင်လိုက်သည်နှင့် အိမ်ရှေ့သရက်ပင်ပေါ်က ဆောင်တော်ကူးပန်းလေးတွေကိုမော့ကြည့်နေသည့် ကိုကို့ကို့ အရင်ဆုံးလှမ်းမြင်လိုက်ရသည်..။

ခြံထဲဆင်းနေသည်ဆိုတော့ ကိုကိုသူ့ကိုစိတ်ပြေသွားပြီထင်ပါ၏.....။
မဟုက်ရင်ဒီအချိန်သူပြန်လာမှသိရက်နဲ့
ကိုကိုခြံထဲဆင်းပြီးစောင့်နေမှာမဟုက်ဘူးလေ..။

ဝမ်းသာစိတ်ကဆက်ဟန်သာရင်ထဲလှိုက်ခနဲတက်လာသည်..။
ဆက်ဟန်သာအရင်လိုကိုကိုနဲ့အဆင်ပြေပြေနေချင်ပါသည်။
အနားမှာရှိနေရက်နဲ့ မထိရမကိုင်ရ နောက်ဆုံးစကားပင်ပြောမရတဲ့ဘဝက ဆက်ဟန်သာအတွက်ငရဲခန်းဘဲလေ...။
ဒီနေ့ကိုကိုရှင်းပြပြီး အရင်လိုဘဝလေးကသာယာနေတော့မှာမို့ ဆက်ဟန်သာအတွက်ပျော်ရွှင်မှုအတိုင်းထက်အလွန်လိုပြောရင်အပိုပြောတယ်ဖြစ်နေလိမ့်မည်...။
ကိုကိုနဲ့သာယာစွာဘဝကိုတည်ဆောက်ရသည်က သူအိမ်မက်ဘဲလေ..။

တက်ကြွနေသော ခြေလှမ်းတွေက ကိုကိုအနားကိုခနချင်းပင်ခေါ်ဆောင်သွားသည်..။

""ကိုကို....ဘာတွေကြည့်နေတာလည်း'''

""ဆောင်တော်ကူးပန်းလေးတွေကိုကြည့်နေတာပါ...မောင်ရော အလုပ်အဆင်ပြေခဲ့ရဲ့လား''

ကိုကိုမျက်နှာကအမှန်တကယ်စိတ်ပြေသွားရင် ကြည်လင်နေရမည်မဟုက်လား...။
အခုက အဲ့လိုမဟုက်..။
အေးစက်စက်ဖြစ်နေသယောင်..။
ကိုကိုမျက်နာက ခံစားချက်ကင်းမဲ့နေသည့် အရိပ်အယောင်တွေ ဆက်ဟန်သာမြင်နေရသည်ပင်..။

""ကိုကိုတစ်ခုခုဖြစ်လို့လား...မောင်ကိုပြောလေ''

""ငါဘာမှမဖြစ်ပါဘူးမောင်ရယ်....
ဒါနဲ့လေ ငါ့မောင်ဆီကနေ တောင်းဆိုစရာ သုံးခုရှိနေတယ်...''

ဆောင်တော်ကူးပန်းပင်တွေကိုသာမော့ကြည့်ကာပြောလာတဲ့ကိုကို့ကိုကြည့်ပြီး ဆက်ဟန်သာရင်တွေပူလှသည်...။
ဘယ်လိုအကြောင်းအရာတွေများ ကိုကိုခံစားနေလို့လဲ...ဆက်ဟန်မ​တွေးတက်...။ကိုကိုတောင်းဆိုစရာတွေကရော...ဘာတွေများလဲ..။

""ဘာတွေများတောင်းဆိုမလို့လည်း ကိုကိုရဲ့... ကြိုက်တာပြော ကိုကိုပြောသမျှမောင်ဖြည့်
မောင်ဖြည့်စည်းပေးမယ်..''

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now