Ep(3)unicode

4.6K 386 20
                                    

    ဆက်ဟန်သာမောင် နမ်းလိုက်သည့်ကို မကျေနပ်ရျ်လားမသိ....
တစ်လမ်းလုံး ဝစီပိတ်ကျင့်ပြီးလိုက်လာသလားမှတ်ရ...ဘာစကားမှမပြောချေ..။
ဆက်ဟန်သာမောင် ချစ်ရသူရဲ့မျက်နှာချောချောလေးကိုကြည့်ရင်းသာအိမ်ကိုပင်ရောက်လာခဲ့ပြီ..။

အိမ်ရှေ့ရောက်တော့ ကားတံခါးဖွင့်ပေးလိုက်ပြီး..ကိုကိုလက်ကိုတွဲမယ်အကြံနှင့်....လက်ကမ်းပေးတော့....

""ဖယ်...ငါ့ဘာသာဆင်းနိုင်တယ်..'''

     ဒေါသတကြီး ဆင်းသွားတဲ့ ကိုကိုအနောက်ကို အထုပ်တွေတပွေ့တပိုက်ကြီးနဲ့
ပြေးလိုက်ရသည်က ဆက်ဟန်သာမောင်ပင်..။

တကယ်လည်းလူကောင်နဲ့မလိုက်စိတ်ကကြီးလွန်းနေသည်..။

တော်သေးရဲ့ ကားသမားက အထုပ်တွေဝိုင်းကူသယ်ပေးလို့..။
အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်အထုပ်တွေချလိုက်ပြီး
ခုံတွင်ထိုင်နေသော ကိုကိုအနားသွားပြီး...

""မောင်ကိုစိတ်ကောက်နေတာလား..ကိုကို''

""ကောက်စရာလား...မင်းနဲ့ငါက ဘာဆိုင်တာမှတ်လို့'''

"""ကော်ဖီဆိုင်မှာတော့ ကိုကိုဘဲဆိုင်တယ်ဆို'''

""အဲ့တာက လျှော့စျေးလိုချင်လို့'''

"" လျှော့စျေးနဲ့ရမှာနောက်တစ်ခု ရှိသေးတယ်ဝယ်မလားကိုကို'''

  လျှော့စျေးဆိုတာနဲ့  ဘလင်းဘလင်းဖြစ်သွားသေားမျက်လုံးတွေကအတိုင်းသားပင်..။
ဆက်ဟန်သာမောင် ကိုကိုကိုကြည့်ကာရယ်လိုက်ပြီး...

""မောင်ကိုလေ.....99% လျှော့ပေးမယ်လေ..ဝယ်မလား'''

""မင်းကိုငါကဘောလုပ်ဖို့ဝယ်ရမှာလား'''

   ဆက်ဟန်သာမောင် အောက်ကိုငုံကြည့်လိုက်ကာ...

""အင်း.. ကိုကိုပြောတဲ့ဘောပါတယ်လေ
ဝယ်မလား'''

""ဆက်ဟန်သာမောင်...မင်းအရှက်မရှိဘူးလား''

""ကိုကိုနဲ့တွေ့ပြီးထည်းကမရှိတော့တာ'''

""တော်ပြီ..မင်းနဲ့ငါစကားမပြောတော့ဘူး''

      ဆက်ဟန်သာမောင်ကို စိတ်ဆိုးသွားပြီးတဖက်လှည့်သွားတဲ့ ကိုကိုကို စမယ်အလုပ်တွင်...အိမ်ပေါ်က အဖေနဲ့အမေဆင်းလာရျ်ကိုယ်ရှိန်သတ်လိုက်ရသည်..။

ဆောင်တော်ကူးရဲ့ပိုင်ရှင်ငယ် ( Complete)Where stories live. Discover now