အားလုံး နေရာအသီးသီးကိုပြန်သွားကြသလို ဟန်လည်း ဉီးဇန်နဲ့အတူ အိမ်ထဲ ပြန်ဝင်လာ၏။

" ဉီးဇန် "

" အင်း။ ပြော ကလေး "

" ဘာလို့ ခဏကလို ပြောလိုက်တာလဲ။ ကျွန်တော့်ကို အဲ့လိုကြီး ဆက်ဆံနေဖို့မှမလိုတာ။ "

" ကိုယ်ကတော့ လိုတယ်လို့ထင်တယ်။ ဒီလောကက ထင်သလောက် မလွယ်ကူဘူး ဟန်။ တခါတလေမှာ ကိုယ်ထင်ထားတာထက် ပိုဆိုးနေတာတွေလည်းရှိနိုင်တယ်။ ဒါအတွက် သူတို့ကိုသတိပေးရုံပါ။ "

" ဒါပေမယ့် "

" ဟန် နေရခက်လို့လား။ "

" နည်းနည်း "

" ကျင့်သားရသွားမှာပါ။ အင်း ကိုယ့်နားမှာ အကြာကြီးနေရင် ကျင့်သားရသွားမှာပါ။ "

အဓိပ္ပါယ်ရှိရှိပြောလိုက်သော စကားကြောင့် ဟန် သဘောမပေါက်စရာအကြောင်းမရှိ။ တမင်းသပ်သပ် ဒီစကားထည့်ပြောတာကိုလည်းသိသည်။

" ဉီးဇန်ပေါ်ပဲ မူတည်တယ်။ "

" ဟောဗျာ ကိုယ်က ဘာလို့လဲ။ "

" မသိဘူးလေ။ ကိုယ့်ဘာသာကိုယ် စဉ်းစားပေါ့။ "

" ကလေး "

သူခေါ်တာကိုပင် လှည့်မကြည့်ပဲ ထွက်သွားသူအားကြည့်ကာ ခေါင်းတခါခါဖြင့် ဉီးဇန် ကျန်ရစ်ခဲ့၏။

...................

~~~~~~~~~

Zawgyi!!!!!

မနက်စာ အတူစားဖြစ်ကြပြီးနောက် ဟန်က မေးစရာရှိနေပုံပေါ်တာကြောင့် ဧည့်ခန်းထဲခေါ်ခဲ့လိုက်သည်။

" ကိုယ့်ကို မေးစရာရှိတယ်မလား ဟန် "

" ကျွန်တော် မနက်က အပြင်ကိုကြည့်မိတာ ကွင်းပြင်ကျယ်ထဲ လူတွေအများကြီးရှိနေတယ်။ "

သေချာပေါက် ဟန်ဟာ ဂိုဏ်းသားတွေ မနက်ပိုင်းလေ့ကျင့်ရေးဆင်းနေတာကို တွေ့သွားပုံရသည်။ ဒါ့အပြင် လူအများကြီးရှိနေကြောင်းကို လက်ဖြင့်ပါ အမူအရာပြနေတာကြောင့် ဉီးဇန်က သဘောတကျရယ်၏။

" ဉီးဇန်ကလည်း ကျွန်တော်ပြောပြနေတာကို "

" ပြောပါဗျာ။ ပြောပါ။ ကိုယ် အသည်းယားလို့ပါ။ "

DEARESTWhere stories live. Discover now