ဉီးဇန်တို့ နှစ်ယောက်လုံး အလုပ်တွေလည်းအပြီးသတ်ပြီး အလည်အပတ်လည်းပြီးသွားသည်မို့ အခုချိန် YAMAI ကို ပြန်ရောက်နေ၏။ ပုံမှန်အတိုင်း ဉီးဇန်က Company ကိုသွားပြီး ဟန်ကတော့ ကျောင်းသွားလိုက် အလုာပ်သွားလ်ိုက်လုပ်ဖြစ်နေ၏။
အခုတော့ ဟန် ကျောင်းဆင်းချိန်မို့ ဉီးဇန်က ဟန့်ရဲ့ကျောင်းရှေ့သို့ရောက်နေ၏။ ကားပေါ်ကဆင်းကာ ကားကိုကျောမှီထားရင်း လက်တစ်ဖက်က ဘောင်းဘီအိတ်တစ်ဖက်ကို လျှိုလျက် ချစ်ရသူ ကျောင်းဆင်းလာမည်ကိုရပ်စောင့်နေ၏။
ထိုသို့ရပ်စောင့်နေသည်က တခြားကြောင့်မဟုတ်။ ဉီးဇန်လာကြိုမည်ကို ဟန်မသိတာကြောင့် ကိုယ်တိုင်ရပ်စောင့်နေခြင်းဖြစ်သည်။ မကြာမီအချိန်အတွင်းမှာပဲ တူညီဝတ်စုံဝတ်ထားသောကျောင်းသား/ကေျာင်းသူတွေက ကျောင်းထဲကထွက်လာကြ၏။
ထိုစဉ်
" ဉီးဇန် "
ဉီးဇန်က သိကးပ်မရှာလိုက်ရပဲ အနားကိုရောက်လာတဲ့ချစ်ရသူရဲ့ခေါ်သံကြောင့်ပြုံးလိုက်၏။
" ကျွန်တော့်ကို လာကြိုတယ်ပေါ့ "
" အင်း "
ဟန် တစ်ဖက်သာလွယ်ထားသော လွယ်အိတ်ကို ဉီးဇန်လက်လွှဲယူလိုက်ပြီး တုံ့ပြန်ချက်ပြုလိုက်၏။
" ဘာလို့လဲဗျ။ သွားစရာရှိလို့လား။ "
" မရှိဘူး "
" အဲ့တာဆို ဘာလို့လဲ "
" လွမ်းလို့ "
စကားလေးက နှစ်လုံးတည်းဆိုသော်လည်း ဟန့်ရင်ထဲ တသိမ့်သိမ့် ကြည့်နူးသွားရ၏။
" ဉီးဇန်ကလည်း "
" ကိုယ် ဒီရက်ပိုင်း အလုပ်တွေရှုပ်နေခဲ့တာ၊ ကလေးနဲ့အချိန်တွေမကုန်ဆုံးရတာကြာပြီလေ "
" အဲ့တာကြောင့် အခုလို လာကြိုတယ်ပေါ့ "
" အင်း "
" ဟိဟိ ကျွန်တော်ပျော်လိုက်တာ "
" အများကြီး မပြုံးနဲ့၊ အခု အိမ်ပြန်ရအောင် "
" ဟုတ်ကဲ့ "
ဉီးဇန်က ထိုသို့ပင်။ ဟန်ပြုံးတာကိုတောင် အများကရှေ့မှာဆို ထိုသို့ပြောတတ်ပြီး တွန့်တိုတတ်သေးသည်။
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
