အဖြူရောင်တွေနဲ့ အလှဆင်ထားတဲ့အခမ်းအနားတစ်ခု။ ဒီနေ့အတွက် သိပ်ကိုနာမည်ကြီးစေမယ့် သတင်းခေါင်းစဉ်ကို ရယူဖို့ Media များကပါ ရောက်နေကြ၏။
လက်ထပ်ခြင်းဆိုတဲ့အမှုမှာ သိပ်တော့ထူးဆန်းလှသည်မဟုတ်။ ထူးဆန်းသည်က လက်ထပ်ကြမယ့်သူနှစ်ယောက်ကြောင့်ပင်။
ထွဋ်တည်ကြည်ဇန် နဲ့ ရှိုင်းမင်းသီဟန် တို့နှစ်ယောက်ရဲ့ မင်္ဂလာလက်ထပ်ပွဲ။ ယောက်ျားသားနှစ်ဉီးတို့ရဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပသော မင်္ဂလာလက်ထပ်ပွဲ။
" YAMAI " လို့ ခေါ်တဲ့ မြို့ဟာ စီးပွားရေးအချက်အချာကျတဲ့ မြို့ဟုပင် ပြော၍ရသည်။ ဤထဲမှာ Top 1 ဖြစ်နေသည်က " ဇန် " Group ဖြစ်၏။
ထွဋ်တည်ကြည်ဇန် ဟာ ဉီးထိုက်ဇန်နဲ့ဒေါ်ဟေနွယ်ပန်းရဲ့ သားဖြစ်ပြီး ဟေသွန်းဇန်ကတော့ သမီးဖြစ်၏။ သားသမီးနှစ်ယောက်လုံးဟာ အဖက်ဖက်က တော်သူမို့ မိဘများ ကျေနပ်ပီတိဖြစ်ရသည်မှာ အခုထိပင်ဖြစ်သည်။
ဉီးထိုက်ဇန်မှာ သားဖြစ်သူ 25 နှစ်အရွယ်ရောက်ကတည်းက " ဇန် " Group ကို လွှဲပြောင်းပြီးသားဖြစ်သည်။ အရာရာစေ့စပ်သေချာလွန်းတဲ့သူမို့ စိတ်မချစရာမရှိခဲ့။
အသက် ၃၃ နှစ်ရှိပြီဖြစ်သော ထွဋ်တည်ကြည်ဇန်ဟာ တည်ကြည်ခန့်ညားသော ရုပ်ရည်နဲ့အတူ မျက်နှာတည်သောသူအဖြစ် နာမည်ကြီး၏။ ၃၃ နှစ်ဟု ဆိုသော်လည်း ထိုသို့မထင်ရလောက်သော ရုပ်ကည်နဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထား၏။
အမြဲလိုလို အလုပ်ကိုသာ အာရုံစိုက်သူမို့ အောင်မြင်ထွန်းပေါက်လာသည်မှာ အသေအချာပင်။
" ဟန် " Group ကတော့ Top 2 နေရာမှာ ရပ်တည်နေတဲ့ လုပ်ငန်းစုဖြစ်၏။ ရှိုင်းမင်းသီဟန်မှာ ဉီးဟန်ဆက်နဲ့ ဒေါ်ရှင်းနှိုင်းသာတိူ့ရဲ့ တစ်ဉီးတည်းသော သားဖြစ်သည်။ အသက်အားဖြင့် ၂၀ သာရှိသေးပြီး Business နဲ့ပတ်သတ်သော Major အတွက် Private University တစ်ခုမှာ တက်ရောက်နေသောသူဖြစ်၏။
လွတ်လွတ်လပ်လပ်နေတတ်ပြီး သွက်သွက်လက်လက်လည်းရှိ၏။ လိုချင်တာကို ဖြစ်အောင် ကြိုးစားတတ်သလို မိဘများနဲ့လည်း တခါတရံ Give and Take ကိစ္စများဖြင့် သူလိုချင်တာကိုလုပ်လေ့ရှိသည်။
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
