ဉီးဇန်က အစည်းအဝေးလုပ်ဉီးမည်ဆိုတာကြောင့် ဟန် အိမ်ပြင်ဘက်သို့ ထွက်လာဖြစ်သည်။ အနားမှာနေဖို့ပြောပေမယ့် အချိန်အကြာကြီး ဆွေးနွေးနေတာဿိ နားမထောင်ချင်တာကြောင့်ရော အိမ်အပြင်ဘက်ကို လိုက်ကြည့်ချင်တာကြောင့်ရော အနားမှာမနေဖို့ဆုံးဖြတ်လိုက်ခြင်းသာ။
ဒါကို ဉီးဇန်ကလည်း ကြည်ကြည်ဖြူဖြူပင် သဘောတူ၏။ သို့သော် ဟန့်အနောက် လူနှစ်ယောက် ထည့်ပေးလိုက်၏။ စိတ်မချဟူသော အကြောင်းပြချက်ဖြင့်။
" ဒီမှာ နေတာ ကြာပြီလားဗျ။ "
" ဗျာ ကျွန်တော်တို့ကို မေးတာလားဟင် "
" ဟုတ်တယ်လေ အစ်ကိုတို့ကိုမေးတာ။ "
" အာ ဟုတ်ကဲ့။ ကြာပြီခင်ဗျ။ "
" အစ်ကိုလေး ဟိုဘက်မှာ ထိုင်လို့ရတဲ့နေရာလေးရှိတယ်။ သစ်ပင်အောက်လေးမှာဆိုတော့ အေးဆေးလေးထိုင်လို့ရတယ် ခင်ဗျ။ "
အနောက်က လိုက်လာသူ နှစ်ယောက်ထဲမှာ တစ်ယောက်က လင်ညှိုးညွှန်ကာ ပြသည်မို့ ကြည့်လိုက်သည်။ အိမ်ခြံထောင့်လေးမှာ ကြီးကြီးမားမားရှိနေသော အပင်တစ်ပင်။ ထိုအပင်ရဲ့အောက်မှာတော့ ခုံတန်းလေးထားရှိထားသည်။
ဟန်လည်း ခြံပြင်ကျယ်ကြီးကို ကြည့်ချင်သေးသည်မို့ ထိုနေရာမှာထိုင်ဖို့ သဘောတူလိုက်သည်။ သစ်ပင်ကြီးရဲ့အောက်မှာမို့ အရိပ်ရရုံသာမက လေလည်းတဖြူးဖြူးတိုက်လို့နေ၏။
" ဒီနေရာလေး ကောင်းလိုက်တာ။ "
တကယ်ကို ကျယ်ဝန်းသော ခြံဝန်းကြီးတစ်ခုသာ။ ဒီမှာရှိတဲ့လူတွေအကုန်နေဖို့ရာအတွက်လည်း နေရာထိုင်ခင်းအကုန်လုံးကပြည့်ပြည့်စုံစုံ။
" အစ်ကိုတို့ ဉီးဇန်ကလေ ဘယ်လိုလူမျိုးလဲဟင် "
တကယ်ကို သိချင်မိသည်။ တခါတရံ သူမြင်ရတဲ့အရာတွေက တခြားသူအတွက်ဆို ဉီးဇန်က သိသိသာသာ ပြောင်းလဲသွား၏။ ဒါကို သတိထားမိပေမယ့် ဉီးဇန်ကို ပြင်ပါလို့ ပြောချင်တာမျိုးမဟုတ်ပဲ ဉီးဇန်အကြောင်းကို သိချင်မိသည်။
" ကျွန်တော်တို့အတွက်တော့ အကောင်းဆုံး သခင် တစ်ယောက်ပါ "
" ကျွန်တော့်ကို စကားပြောရင် သက်တောင့်သက်သာပဲ ပြောပါဗျ။ ကျွန်တော်က ဒီမှာဆို ဉီးဇန်ရယ် ကိုမြတ်စေရယ် ကိုဘုန်းသန့်ရယ် အဲ့သုံးယောက်လောက်ကိုပဲ ရင်းရင်းနှီးနှီးသိတာဆိုတော့ အစ်ကိုတို့နဲ့လည်း ရင်းရင်းနှီးနှီး ပြောဆိုချင်တယ် "
YOU ARE READING
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
