ဟန် နိုးလာတော့ ဘေးမှာ ဉီးဇန်မရှိတော့တာ သတိထားမိသည်။ ညက သောက်ထားတဲ့အရှိန်ကြောင့် နည်းနည်းနုံးနေပေမယ့် အခြေအနေဆိုးတာမျိုးတော့မဟုတ်။ ဒီနေ့ ကျောင်းမသွားတာမို့ မျက်နှာသစ်ကာ ပေါ့ပေါ့ပါးပါး အဝတ်အစားလဲပြီး ထမင်းစားခန်းထဲ ထွက်လာ၏။
" အစ်ကိုလေး မနက်စာစားတော့မလား "
" ဟုတ်ကဲ့ ဉီးဇန်ရော "
" ခြံထဲဆင်းသွားတယ် ထင်တယ်ရှင့် "
" ဟုတ် အဲ့တာဆို ကျွန်တော့်ကို မနက်စာလေးပြင်ပေးထားပါဉီးနော် "
" ဟုတ်ကဲ့ "
ဟန် နိုးကတည်းက မမြင်ရသေးတဲ့သူကြောင့် နှုတ်ဆက်ဖို့ကြည့်လိုက်တော့ ခြံထဲ လမ်းလျှောက်နေတဲ့ ဉီးဇန်အား တွေ့လိုက်ရသည်။ ဉီးဇန် ဒီနေ့ အလုပ်မသွားဖြစ်တာလား။
" ဉီးဇန် "
ခေါ်လိုက်တော့ ချက်ချင်းလှည့်ကြည့်လာသောသူ။
" နေလို့အဆင်ပြေရဲ့လား ဟန် "
" ပြေပါတယ်ဗျ ဟီးးး "
" အင်း "
" ဉီးဇန် မနက်စာမစားရသေးဘူးမလား။ ကျွန်တော်နဲ့ တူတူ စားရအောင်လေ "
" အင်း "
" ဉီးဇန် အလုပ်မသွားဘူးလား "
" ခဏနေမှ၊ ကိစ္စရှိလို့လား ဟန် "
" မရှိဘူး။ ဒီတိုင်း မေးကြည့်တာပါဗျ "
ဟန်လည်း ဉီးဇန်ကို ခေါ်ကာ မနက်စာအတူတူစားဖြစ်သွားသည်။ ဉီးဇန်က သူ့အား အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်သည်ကို သိလာရသည်မို့ ဝမ်းသာမိသည်။
......................
ဉီးဇန်က အလုပ်သွားပြီဖြစ်သော်လည်း ဟန်ကတော့အိမ်မှာ ကျန်ခဲ့၏။ ဟန် အလုပ်အတွက် ကိုလင်းရောင်အား အိမ်ကိုခေါ်ကာ စာရင်းတွေ စစ်ဆေးရသည်။ ကိုလင်းရောင်အနေနဲ့လည်း စေ့စပ်သေချာသည့်သူဖြစ်တာမို့ စိတ်ပူစရာတော့မရှိပေ။
" ဒီပုံစံအတိုင်းဆို ကျွန်တော်တို့ ထပ်တိုး Menu လေး လုပ်ကြရအောင် "
" အစ်ကိုလည်း စဉ်းစားနေတာ။ ထပ်တိုး Menu ကို ရက်အကန့်အသတ်နဲ့ရတာမျိုးဆို ပိုစိတ်ဝင်စားကြမလားလို့ "
ESTÁS LEYENDO
DEAREST
Romanceစိတ်ကူးယဉ်ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည့်အတွက် လက်တွေ့နှင့်လုံးဝမသက်ဆိုင်ပါ။ Sweet ပိုင်းပိုသွားတာမို့ အဆင်မပြေတာများရှိရင် ကျော်သွားဖို့ တောင်းဆိုပါရစေ။
